Macrame မြန်မာနိုင်ငံမြေပုံကနေ အလှူငွေသိန်း(၃၀၀)ကျော်ရရှိခဲ့ကြောင်း ဝေမျှပေးလာခဲ့တဲ့ ချစ်သုဝေ

Macrame မြန်မာနိုင်ငံမြေပုံကနေ အလှူငွေသိန်း(၃၀၀)ကျော်ရရှိခဲ့ကြောင်း ဝေမျှပေးလာခဲ့တဲ့ ချစ်သုဝေ

သရုပ်ဆောင် ချစ်သုဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ရှေ့ဆက်လျှောက်လှမ်းနေတဲ့ ပြည်သူချစ် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို မွေးဖွားပြီးနောက်ပိုင်းမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခြင်းမရှိတော့ဘဲ သီချင်းဘက်ကိုသာ ဇောက်ချလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စကစက အာဏာသိမ်းယူခဲ့တာကြောင့် မတရားမှုကို လက်မခံတဲ့ တော်လှန်ရေး အရေးတော်ပုံကြီးအတွက် ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း သူတို့ရဲ့အောင်မြင်ကျော်ကြားမှုနဲ့

ချမ်းသာကြွယ်ဝမှုတွေကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြတာ တွေ့ရပါတယ်။သရုပ်ဆောင် ချစ်သုဝေကတော့ တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူ ပါဝင်ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော

ပါဝင်ခဲ့တာကြောင့် ပုဒ်မ၅၀၅-ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကို ရှောင်တိမ်းနေရပါတယ်နော်။အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် ချစ်သုဝေက အလှူငွေ သိန်း(၃၀၀)ကျော်ရရှိခဲ့တဲ့

သူမရဲ့မြန်မာနိုင်ငံ မြေပုံအကြောင်းကို အခုလိုပဲ ရေးသားလာခဲ့ပါတယ်နော်။”Congratulations🎉🎊The winner is 👸(1905)❤Macrame’ မဲတွေ အားပါးတရ ၂ရက်အတွင်း၂၀၀၀ကျော်

ဝယ်အားပေးကြတာ တကယ့်အမှတ်တရပါပဲ..ကျပ်ငွေ 20,750,000၊ S$ 6870(~8,931,000)၊ Baht 27600(~1,435200)🖤 estimated total=31,116,200(သိန်း ၃၀၀ကျော်သွားခဲ့ပါတယ်🙏)လှူဒါန်းခဲ့ရာနေရာများကို လက်မှတ်ရောင်းခဲ့တဲ့

pageမှာ ရှေ့အပတ်စုစည်း ဖော်ပြပေးပါမယ် Iweaveyoubuywesharewecaretrezamacramefamily Love u guys🖤🖤🖤Together we can do it!!လူထုအားနဲ့ရှေ့ဆက်မယ်🖤”ဆိုပြီးသူမရဲ့

လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေထားတာပါ။စာဖတ်ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းရင်း

ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။Source:Chit Thu Wai

Add a Comment

Your email address will not be published. Required fields are marked *