(၁၀)ရက်အတွင်းမှာ မျက်ခုံးမွှေးထူထူလှလှလေးဖြစ်စေဖို့တွက် သဘာဝနည်းလမ်း

(၁၀)ရက်အတွင်းမှာ မျက်ခုံးမွှေး ထူထူလှလှလေးဖြစ်စေဖို့တွက် သဘာဝနည်းလမ်း

ပရိတ်သတ်ကြီးတို့ရေ သင်တို့ရဲ့မျက်ခုံးမွေးတွေကို သဘာဝအတိုင်း လှပနေစေဖို့အတွက် အလုပ်မရှုပ်၊ငွေကုန်ကြေးကျမများပဲ လွယ်ကူပြီး တကယ်ထိရောက်စေတဲ့နည်းလေးကို မျှဝေပေးချင်ပါတယ်။

မျက်ခုံးမွှေး ထူထူလှလှလေး ဖြစ်စေဖို့အတွက် အချိန်(၁၀)ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်းနဲ့ ခပ်ထူထူလေးရှိတဲ့ မျက်ခုံးမွှေးမျိုးကို ပျိုမေတိုင်းက လိုချင်ကြမှာပါ။

အခုဆို နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မျက်ခုံးမွှေးကို Tattoo ထိုးတာတွေတောင် လုပ်လာကြတာကို တွေ့မြင်ကြမှာပါ။ဒါပေမဲ့ သဘာဝ မျက်ခုံးမွှေးအလှနဲ့တော့ မယှဉ်နိုင်တာကို ငြင်းပယ်လို့မရပါဘူးနော်။

အရည်အသွေးညံ့တဲ့ မိတ်ကပ်တွေ လိမ်းတာကြောင့်လည်း မျက်ခုံးမွှေးတွေ ပါးလာစေပါတယ်။မျက်ခုံးမွှေးထူထူလေးရဖို့ သဘာဝအတိုင်း မိမိအိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်မဲ့ နည်းလမ်းလေးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့(၁)သံလွင်ဆီ၊(၂)သံပုရာသီးတစ်စိပ်တို့ပဲလိုပါတယ်နော်။ပြုလုပ်နည်းလေးကတော့ သံပုရာသီးတစ်စိပ်ကို ခွက်တစ်လုံးထဲထည့်ပြီး သံလွှင်ဆီ စားပွဲတင်ဇွန်း(၄)ဇွန်းကနေ(၅)ဇွန်းထိ ထည့်ပါ။

အဲဒီနောက် ပန်းကန်ပြားတစ်ချပ်နဲ့ အုပ်ပေးထားပြီး (၅)ရက်လောက်ထားပေးပါ။အဲဒီရောဆပ်ထားတဲ့အရည်ကို မျက်ခုံးမွှေးပေါ် ညတိုင်းလိမ်းပေးပါ။မျက်ခုံးကိုလိမ်းပြီး တစ်ညလုံးထားအိပ်ရင် ပိုကောင်းပါတယ်။

အဲဒီလိုမျိုး (၃)ပတ်၊(၄)ပတ်လောက် လုပ်ပေးပါ။ပထမ(၁၀)ရက်အတွင်းမှာကို သိသာကောင်းမွန်တဲ့ ရလဒ်ကောင်းကို သင်ရရှိလာမှာပဲ ဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးတို့လည်း ကျန်းမာပျော်ရွှင်တဲ့ နေ့စဥ်ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။C r d

Add a Comment

Your email address will not be published. Required fields are marked *