မင်္ဂလာနှစ်ပတ်လည်အလှူအနေနဲ့ ရွှေအစစ်ချထားတဲ့ရုပ်ပွားတော်ကို လှူဒါန်းဖို့စီစဉ်နေတဲ့ငွေတီဦး

(၁၀)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည် အလှူအနေနဲ့ ရွှေအစစ်ချထားတဲ့ ရုပ်ပွားတော်ကို ကုသ်ုလ်ပြုလှူဒါန်းဖို့ စီစဉ်နေတဲ့ ငွေတီဦး

ပရိသတ်ကြီးရေ ငွေတီဦးကတော့ ခင်ပွန်ဖြစ်သူ ကွယ်လွန်သွားပြီးနောက်ပိုင်းမှာ သူမရဲ့စိတ်တွေ အေးငြိမ်းစေဖို့ တရားဘာဝနာ အားထုတ်ကာ ဘဝကို ကြိုးစားပြီး ဖြတ်သန်းနေထိုင် နေပါတယ်။

မနေ့ကတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ရွှေအစစ်ချထားတဲ့ ရုပ်ပွားတော်တစ်ဆူကို လှူဒါန်းပေးသွားမယ့် အစီစဉ်လေးအကြောင်းကို ရေးသားလာခဲ့ပါတယ်။”နေ့စဉ်နဲ့အမျှတော့ သူ့အတွက် ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုးသောနည်းနဲ့ ပြုပေးနေတာပါပဲ..

အခုလည်း သူ့ဆန္ဒတစ်ခုကို ဖြည့်စည်းပေးဖို့ ကိုယ့်အတ္တကို ဖြေလျော့လိုက်ပါတယ်..သူနဲ့ပက်သက်သမျှ အမှတ်တရတွေတိုင်းပေါ်မှာ ကျွန်မရဲ့တွယ်တာတတ်တဲ့ သံယောဇဉ်နဲ့ လောဘကို စွန့်လွှတ်နိုင်ဖို့ရယ် သူပိုပြီး ကောင်းသထက်ကောင်းဖို့ရယ်ပဲ ဦးတည်ဆောင်ရွက်ပါ့မယ်..

လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင်တုန်းက သာဓုကန်နားမှာ အမျိုးလို ရင်းနှီးတဲ့မိတ်ဆွေက နဂါးရုံဘုရားတည်တော့ ကျွန်မတို့လင်မယားလည်း ဘုရားတည်တဲ့နေရာမှာ ပါဝင်လှူဒါန်း ကုသိုလ်ယူခဲ့ကြတယ်..ဘုရားတည်ပြီးတော့ အနေကစာတင်တဲ့နေ့မှာ ဘုရားဆယ်ဆူ

(၁၀ဆူလို့ ထင်တာပဲ.. ပိုများလား မမှတ်မိတော့ဘူး)ကို နဂါးရုံဘုရားနဲ့အတူတကွ အနေကစာတင်ပြီး မဲဖောက်လှူဒါန်းခဲ့ကြတယ်..မဲက တစ်ထောင်လောက်ရှိမယ်ထင်တယ်..မဲတစ်ထောင်မှာ ကိုဉာဏ်က နံပါတ်တစ်မဲကို ပေါက်ခဲ့တယ်..အဲဒီ့တုန်းကတည်းက အရင်ကလုပ်ခဲ့တဲ့

အလုပ်ခန်းမှာ အဲဒီ့ဘုရားလေးကို ပင့်ဆောင်ပြီး နေ့စဉ်ရက်ဆက် ကိုးကွယ်ပူဇော်ခဲ့ပါတယ်..အိမ်အသစ်ဆောက်ပြီးတော့မှ အိမ်မှာဆက်ပြီး ကိုးကွယ်ခဲ့တာပါ..သူနဲ့ထိုက်တန်လို့ မွန်မွန်မြတ်မြတ်ရခဲ့တဲ့ ဘုရားလေးမို့ နှစ်ယောက်လုံး အရမ်းတန်ဖိုးထားပါတယ်..အခုသူ့ဆန္ဒအရ

အဲဒီ့ဘုရားလေးကို ပြန်လည်မဲဖောက်ပြီး လှူဒါန်းပေးပါမယ်..☘️တကယ်လိုအပ်တဲ့သူ တကယ်ကိုးကွယ်ချင်တဲ့သူကိုပဲ ရစေချင်ပါတယ်..☘️ဉာဏ်တော် (၁၂)လက်မဝန်းကျင်ဖြစ်ပြီး ဘုရားကို ရွှေအစစ်ချထားပါတယ်..☘️လာမယ့်(၃၁)၊January

(ကျွန်မတို့ လက်ထပ်ပွဲကျင်းပခဲ့တဲ့ (၁၀)နှစ်မြောက် Wedding Anniversary) နေ့မှာ သံဃာကိုးပါးနဲ့ နေအိမ်မှာ အနေကစာတင်ပြီးမှ လှူဒါန်းမှာဖြစ်လို့ သာကေတမြို့နယ် မြခွာညိုအိမ်ရာမှ နေအိမ်ကို ကိုယ်တိုင်ကိုယ်ကျ လာယူနိုင်တဲ့သူ ဖြစ်ရပါမယ်..ဆရာတော်ကိုယ်တိုင် လက်ရောက်လှူဒါန်းပေးပြီး

သူ့အတွက် အမျှဝေမှာမို့ပါ..☘️တကယ်သေချာစွာ ပူဇော်ကိုးကွယ်ချင်ပါက အမှတ်စဉ် (၁)မှ(၁၀၀၀)အတွင်း ကြိုက်ရာနံပါတ်ကို Commentမှာ မန့်နိုင်ပါတယ်..”

ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့တာပါ။ပရိတ်သတ်ကြီးတို့ရေ ငွေတီဦးကတော့ ဒီအလှူလေးရဲ့ အဖို့ဘာဂကို ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူ ကောင်းရာဘုံဘဝကနေ

ရရှိစေဖို့ ဆန္ဒပြုထားပါသေးတယ်။ပရိတ်သတ်ကြီးတို့လည်း ကုသိုလ်ပွားများနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်နော်။Source:Ngwe Ou

Add a Comment

Your email address will not be published. Required fields are marked *