အိုးတိုက်ဖွဲပြာ ရောင်းနေရရှာတဲ့ အဖွားရဲ့မြေးလေးကို မွေးစားစောင့်ရှောက်မည့် သရုပ်ဆောင် နေဒွေး

အိုးတိုက်ဖွဲပြာ ရောင်းနေရရှာတဲ့ အဖွားရဲ့မြေးလေးကို မွေးစားစောင့်ရှောက်မည့် သရုပ်ဆောင် နေဒွေး

သရုပ်ဆောင် နေဒွေးကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ မိန်းကလေးတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ မင်းသားချော တစ်ယောက်ပဲ ဖြစ်ပါတယ်။

နေဒွေးကတော့ အနုပညာမှာလည်း ထူးချွန်သလို အနုပညာအလုပ်တွေ ရပ်နားနေချိန်မှာလည်း Live လွှင့်စျေးရောင်းပြီး ဝမ်းစာရှာဖွေနေတာပါ။

ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ အင်္ကျီနဲ့ ဂျစ်တူးဆိုတဲ့ ဆန်ကိုလည်းရောင်းချနေတာပဲ ဖြစ်ပါတယ်နော်။သူရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ ဆန်တွေကိုလည်း အသက်အရွယ်ကြီးတဲ့

သူများအတွက် ကုသိုလ်ပြုလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ယခုအခါမှာလည်း မိဘတွေ ပြန်မလာကြလို့ အဖွားဖြစ်သူနဲ့မြေးလေးတို့က အိုးတိုက်ဖွဲပြာရောင်းပြီး

ရုန်းကန်နေရတာကြောင့် အဖွားရဲ့မြေးလေးကို မင်းသားနေဒွေးက မွေးစားချင်ကြောင်း မိုးစက်ဆီကို ဖုန်းနဲ့ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။မိဘတွေက ပစ်သွားခဲ့တာကြောင့် သနားစရာကောင်းလှတဲ့

အသက်(၇၀)အရွယ်အမေအိုကြီးက (၉)နှစ်အရွယ် မြေးလေးလက်ကိုဆွဲပြီး မြေးလေးနဲ့အတူ အိုးတိုက်ဖွဲပြာ ရောင်းရင်း မြေးဖွားနှစ်ဦးဟာ တနေ့တာ ဝမ်းရေးအတွက် ဖြေရှင်းနေကြရတာပါ။

မြေးဖွားနှစ်ဦးဟာ ဒဂုံဆိပ်ကမ်း (၆၉)ရပ်ကွက် ကျူးကျော်တဲလေး ကနေ သာကေတမြို့နယ် အနီးတဝိုက်နဲ့ တောင်ဒဂုံသစ်ဆိပ်ဘက်မှာ နေ့စဥ်သွားလာ ရောင်းနေရတယ်လို့ သိရပါတယ်။

“မိဘတွေက ပြန်မလာကြတော့ဘူး သားရေ…အမေကလဲ တရုတ်ပြည်ဆိုပြီး ထွက်သွားပြီး ပြန်မလာတော့ဘူး အဖေကလဲ ပြန်မလာတော့ဘူး၊ အဖွားတို့ မြေးအဖွားနှစ်ယောက်ထဲ အိုးတိုက်ဖွဲပြာလေး ရောင်းပြီး ဝမ်းရေး

ဖြေရှင်းနေရတာ”ဆိုပြီးတော့ ဝမ်းနည်းစွာ ပြောပြလာခဲ့တာပါ။မိုးစက်က အဖွားတို့အိမ်နားက ဖုန်းကိုဆက်ပြီး အဖွားကို မေးလိုက်တဲ့အခါမှာ “ကျူးကျော်တဲလေးထဲမှာ နေနေရပြီး နေ့စဥ်သူနဲ့အတူ အိုးတိုက်ဖွဲပြာ

လည်ရောင်းနေရတဲ့ သူ့မြေးလေး ကောင်းစားမယ်ဆိုရင် သူထည့်ပေးပါမယ်တဲ့…”သူ့မြေးလေး ကောင်းစားမယ်ဆိုရင် သူထည့်ပေးပါမယ်လို့ ပြောလာပါတယ်။နေဒွေးက အဖွားကိုလည်း လစဥ်ထောက်ပံ့ပေးပြီး

မြေးအဖွားနှစ်ယောက် တွေ့ဆုံခွင့်ကိုလည်း ပေးမယ်လို့ သိရပါတယ်နော်။ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။Source:Moe Sat

Add a Comment

Your email address will not be published. Required fields are marked *