အိမ်ကိုလွမ်းနေကြောင်း ရင်ဖွင့်လာတဲ့ သရုပ်ဆောင် အေး၀တ်ရည်သောင်း

အိမ်ကိုလွမ်းနေကြောင်း ရင်ဖွင့်လာတဲ့ သရုပ်ဆောင် အေး၀တ်ရည်သောင်း

ပရိတ်သတ်ကြီးတို့ရေ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်လျက်ရှိနေခဲ့တာဖြစ်ပြီး

အောင်မြင်ကျော်ကြားနေတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ လှပလွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတရားတွေကြောင့် ပုရိသတွေရဲ့

တစ်ခဲနက် အားပေးမှုတွေကို ရရှိထားဆိုလည်း မမှားပါဘူးနော်။အေးဝတ်ရည်သောင်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူတက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

အခုလိုခက်ခဲနေတဲ့ ကာလမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများသာမက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့သူလည်း ဖြစ်ပါတယ်။အခုလို ပြည်သူများနဲ့အတူ

အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မအေးသောင်းကိုတော့ ပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆို ထားကြတာဖြစ်ပြီး တိမ်းရှောင်နေတာ ယနေ့အချိန်အထိပဲဖြစ်ပါတယ်။မအေးသောင်းက ချစ်ခြင်းမေတ္တာတွေနဲ့

ပြည့်နေတဲ့ နွေးထွေးတဲ့အိမ်လေးကနေ ခွဲခွာပြီးနေရတာ ကြာပြီမို့ မိသားစုတွေကို သတိရ လွမ်းနေတဲ့အကြောင်းလေးကို သူမရဲ့အမေနဲ့ စကားပြောဖြစ်ခဲ့တဲ့ Screenshot လေးကိုပြသပြီး

ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။”အမေ့ကို သတိရတယ်။ အဖေဖျော်ပေးတဲ့ ထောပါတ်သီး ဖျော်ရည်လဲ အငယ်မနဲ့ လုသောက်ချင်တယ်။သီးရွက်က ထောပါတ်သီးလဲ

စားချင်တယ်လေ”ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့

ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *