အရင်းနှီးဆုံးသူက သိန်းထောင်ချီငွေတွေကို လိမ်လည်သွားပြီး ပြန်မပေးတာကြောင့် စိတ်ထိခိုက်နေတဲ့ သရုပ်ဆောင် သိင်္ဂီထွန်း

အရင်းနှီးဆုံးသူက သိန်းထောင်ချီငွေတွေကို လိမ်လည်သွားပြီး ပြန်မပေးတာကြောင့် စိတ်ထိခိုက်နေတဲ့ သရုပ်ဆောင် သိင်္ဂီထွန်း

ပရိသတ်ကြီးရေ အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူကတော့ သရုပ်ဆောင် သိဂ်ီထွန်းပဲ ဖြစ်ပါတယ်။

တစ်ချိန် video ဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေခေတ်ကတည်းက အမေခန်းတွေမှာအပြင် ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့

သူတစ်ဦးပါ။မကြာသေးခင်ကလည်း MRTV-4 ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။မင်းသမီးကြီး သိင်္ဂီထွန်းက စိတ်သဘောထား

ဖြူစင်ပွင့်လင်းပြီး ဘာသာရေးလည်း ရိုသေကိုင်းရှိုင်းကာ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပါ။သူမဝါသနာပါတဲ့ အနုပညာအလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး

ရရှိလာတဲ့ ပိုက်ဆံတွေကို စုဆောင်းကာ စီးပွားရေးကိုလည်း လုပ်ကိုင်နေတာပါ။မကြာသေးခင်ကတော့ သူမရဲ့လှုမှုကွန်ရက် စာမျက်နှာကနေပြီး အရင်းနှီးဆုံး

သူတွေထဲက တစ်ယောက်က သိန်းထောင်ချီ ငွေအများအပြားကို လိမ်လည်ပြီး ပြန်မပေးတဲ့အပြင် ဂရုတောင် မစိုက်တာကြောင့် စိတ်ထိခိုက်နေရတာလည်း ဖြစ်ပါတယ်။

အဲ့ဒီအကြောင်းကို”ရေချောင်းထဲ ခုန်ချမလို့မဟုတ်ပါနော်.သူများကို အာမခံပေးပြီး စိုက်ရော်လိုက်ရတဲ့.ဆုံးရှုံးထားတဲ့ ထောင်ချီမကငွေကို ပြန်ရလိုရညား.

ယတြာချေနေတာ.လိုအပ်တာ ကိုယ်တိုင်စျေးထဲသွားဝယ်ရနဲ့ ဘဝမှာ ပါရမီနိုးထချိန် လို့သာဖြေရတယ်ပေါ့လေ.messager ကနေ တရားသဘောနဲ့

နှစ်သိမ့်အားပေး ကူညီပေးနေတဲ့ သူတစ်ယောက်မကျန် အားလုံးကျေးဇူးပါ.ကိုယ်ကသာ အားလုံးရဲ့ မျက်နာထောက်ပေမဲ့ ကိုယ့်အပေါ် သောက်ဂရုတောင်

မစိုက်နဲ့တော့ ဟုတ်နေပါပြီလေ😁😁လူအချင်းချင်း လည့်ပတ်ခြင်း ကင်းရှင်းကြပါစေ လူသားအားလုံး အေးငြိမ်းချမ်းသာကြပါစေ🙏🏻”ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်နော်။

ပရိသတ်ကြီးတို့အားလုံးလည်း စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်နော်။Source:Theigi Tun

Add a Comment

Your email address will not be published. Required fields are marked *