အရက်ဖြတ်ချင်သူများအတွက် လွယ်ကူအဖိုးနည်းတဲ့ အစွမ်းထက်အရက်ဖြတ် ဆေးနည်း

အရက်ဖြတ်ချင်သူများအတွက် လွယ်ကူ၊အဖိုးနည်းတဲ့ အစွမ်းထက် အရက်ဖြတ်ဆေးနည်း

ဗုဒ္ဓစာပေ၊ယဥ်ကျေးမှုတွေနဲ့ ကြီးပြင်းလာတဲ့ မြန်မာလူမျိုးတွေအနေနဲ့ အရက်သောက်သုံးမှုဟာ မကောင်းတာကို လူတိုင်းလက်ခံကြပေမယ့်လည်း ဒီကနေ့လူငယ်၊လူကြီးအများစုကတော့ ယမကာကို စတိုင်အမျိုးမျိုး

အကြောင်းပြချက်အမျိုးမျိုးနဲ့ သုံးစွဲမှုတွေ မြင့်တက်လာနေပါတယ်။ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်ကျော်က အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးနေကြပြီး သန်း(၈ဝ)နီးပါးက အရက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး

ပြဿနာတွေကို ခံစားနေကြရပါတယ်။ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေအရ အရက်သောက်သုံးမှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊

အသည်းကင်ဆာဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက်နဲ့အာရုံကြောရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ကို ထိခိုက်စေခြင်း ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သားသမီးမရခြင်းနဲ့

စိတ်ရောဂါစသည်တို့ ဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်မကောင်းမှန်းသိတဲ့ အရက်သောက်သုံးမှုကို အကြောက်အလန့်မရှိ စမ်းသပ်ခဲ့ဘူးရင် အရက်ရှောင်ကျဉ်ခြင်းကရရှိလာမယ့် အကျိုးကျေးဇူးတွေအတွက်ကိုလည်း

အချိန်မဆွဲသင့်ပါဘူးနော်။အဲဒီလိုဖြစ်နေသူများနှင့် အရက်မသောက်စေချင်တော့လို့ ဖြတ်ပေးချင်သူများအတွက် နည်းလမ်းကောင်းလေး တစ်ခုကိုမျှဝေပေးခြင်ပါတယ်။အဖိုးနည်းပြီး လွယ်ကူလွန်းတဲ့

ဆေးနည်းလေးပါ။ဆေးနည်းကတော့ သံပုရာပင်ရဲ့အမြစ်ကို တူးယူပြီး(သတိပြုရမည့်အချက်က သံပုရာအမြစ်က အစိုပါနော်။အမြစ်ခြောက် မဟုတ်ပါဘူး)ဓားလေးနဲ့စင်း အရည်ရအောင် ငရုပ်ဆုံ သန့်သန့်လေးနဲ့

ထည့်ထောင်းပါ။ထောင်းလို့ရလာတဲ့ အရည်ကို ဆားအနည်းငယ် ထည့်သောက်ပေးပါ၊တိုက်ပေးလိုက်ပါ။တစ်နေ့မှ တစ်ကြိမ်ပဲ တိုက်ပေးပါ။မိသားစုများ စိတ်ချမ်းသာနိုင်ကြပါစေ။

ကိုယ်နဲ့ကိုယ့် မိသားစုတို့ရဲ့ ပျော်ရွင်ဖွယ်အချိန်တွေကို အခုပဲအစပြုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။C r d

Add a Comment

Your email address will not be published. Required fields are marked *