အမှန်တကယ်ဖြစ်လာခဲ့တဲ့ ဆရာလင်းညို့တာရာရဲ့ ဟောကိန်းများထဲက နံပါတ်(၁၀)

အမှန်တကယ်ဖြစ်လာခဲ့တဲ့ ဆရာလင်းညို့တာရာရဲ့ ဟောကိန်းများထဲကနံပါတ်(၁၀)

စစ်အာဏာရှင်ကျဆုံးရေး လူမှုကွန်ရက်တွင် အစီအရင်များတင်သဖြင့် နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဆီးခံထားရသော ဗေဒင်ပညာရှင် လင်းညို့တာရာ၏ ၂၀၂၁ ရှေ့ဖြစ်ဟောကိန်းရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ စစ်အာဏာသိမ်းကောင်စီ၏ အာဏာသိမ်းမှုကို

ဆန့်ကျင်နေသည့်အနေဖြင့် ယတြာအစီအရင်များ ဆောင်ရွက်သဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အဖမ်းခံလိုက်ရသော ဗေဒင်ပညာရှင် ဟိန်းမင်းအောင်(ခ)လင်းညို့တာရာက မြန်မာနိုင်ငံ၏ ၂၀၂၁ ဟောကိန်းကို ၂၀ ၂၀ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်

သူ၏လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့သည်။ အဆိုပါ ဟောကိန်းကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ မြန်မာနိုင်ငံကြီး၏ ၂၀၂၁အတွက် အခြေခံဟောချက်များ(လင်းညို့တာရာနှစ်စဉ်နှစ်တိုင်း နှစ်သစ်တစ်ခုမစခင်မှာ နှစ်သစ်တွင် ဖြစ်နိုင်ခြေများသော

အခြင်းအရာများအား ကြိုတင်နိမိတ်ထုတ်လေ့ရှိပါသည်။၁.အချို့သော လက်နက်ကိုင်များဖြင့် ချစ်ကြည်ရေးဖြစ်ပြီး ပြေလည်မှုများ ဖြစ်တတ်သည်။၂.ပြည်တွင်းစစ်များ သိသာစွာ အားနည်းလာတတ်သော်လည်း စီးပွားရေးထိုးစစ်များဖြင့် အပြိုင်အဆိုင်များ ဖြစ်ပေါ်လာတတ်သည်။

၃.မြန်မာပြည်ကြီး ၏ အမြင့်ဆုံး အဖွဲ့အစည်းများစွာတို့ အပြောင်းအလဲများစွာဖြစ်တတ်သည်။၄.ဩဇာအာဏာကြီးမားသော ဆရာတော်ကြီးများနှင့် ပုဂ္ဂိုလ်ကြီးများ သုံးပါးသို့ သုံးယောက် သေဆုံးမှုဖြစ်မည်။၅.နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ သတင်းများ ထိုးတက်အောင်ကို

အပြောင်းအလဲ အဆိုးအကောင်း များစွာဖြစ်ပေါ်တတ်သည်။၆.တန်ဖိုးကြီး အလွန်ရှားပါးသော ရတနာကြီးတစ်ခုသို့ တစ်ခုထက်မနည်း တူးဖော်ရရှိတတ်သည်။၇.အစိုးရပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများ အလွန်များသောနှစ်ဖြစ်ပြီး စပ်စပ်ထိမခံသော အစိုးရတစ်ရပ် ဖြစ်ပေါ်တတ်သည်။

၈.နာမည်ကြီးတန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်းသို့ ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ်ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။၉.နိုင်ငံတော်တစ်ဝှမ်း စီးပွားရေးအလွန်အားကောင်းလာပြီး စီးပွားရေးဖြင့် ပတ်သက်သော ကြေငြာချက်အသစ်တစ်ခုသို့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာတတ်သည်။

၁၀.တိုက်ပြိုခြင်း မြေပြိုခြင်း တံတားကျိုးခြင်းစသော ရေနှင့်မြေကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်တတ်သည်။၁၁.ကမ္ဘာမှာရောဂါဆန်းပေါ်လာတတ်သော်လည်း ကိုရိုနာလောက် Epidemic မဖြစ်တတ်ချေ။၁၂.ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားထဲတွင်

မြန်မာနိုင်ငံသည် သိသိသာသာ ရေပန်းစားလာတတ်သည်။၁၃.ကာလအတန်ကြာပျောက်ဆုံးနေကြသော ပုဂ္ဂိုလ်ဟောင်းများ လူဟောင်းများ မျက်နှာဖော်၍ ပြန်လည်ပေါ်ပေါက်လာတတ်သည်။၁၄.ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲ ရှိတတ်သည်။

၁၅.ရာဇဝတ်မှုများနှင့် မိမိကိုယ်မိမိ သတ်သေသောအမှုများ ပိုမိုများပြားလာတတ်သည်။၁၆.ဂမ္ဘီရဆိုင်ရာဆရာများ များပြားလာတတ်ပြီး မြန်မာပြည်အခြေစိုက် ဂမ္ဘီရပညာများ ကမ္ဘာကသိသိသာသာ သိရှိလာတတ်သည်။၁၇.အထင်ကရ နတ်ပုံတော်များ ပျက်စီးခြင်း နိမိတ်မကောင်းသောအခြင်းအရာများ ဖြစ်ခြင်း ဖြစ်ပေါ်တတ်သည်။

၁၈.ထူးခြားထင်ရှားသော သာသနာနယ်မြေများ သာသနာအဆောက်အဦ်းများ ဘုရားများ ပုံမှန်ထက်ပိုလွန်ပြီး ထူးခြားစွာဖြစ်ပေါ်တတ်သည်။ ဥပမာ – ကမ္ဘာ့ပထမဆုံး ဘုရား ၊ အကြီးဆုံးဘုရားစသဖြင့်ပါ။၂၀၂၁ သည် ၂၀၂၀ ထက်စာရင် ပိုမိုကောင်းမွန်သော နေ့ရက်များစွာ ရှိတတ်ပါသည်။

အစိုးရပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများသည် သာမန်ထက်ပိုမို လွန်ကဲတတ်ပြီး အတွင်းပိုင်း ပြဿနာများဖြင့် အဆင်မပြေမှုများ ဖြစ်နေတတ်သည်။ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးများ ပြန်လည်တိုး တက်လာတတ်ပြီး နိုင်ငံတကာဖြင့် လက်တွဲနိုင်သည့် လုပ်ငန်းများစွာ

တဖြည်းဖြည်း ပြန်လည်တိုးတက်လာစေသော နှစ်တစ်နှစ်လေးပါ။လူတွေအနေနဲ့ အရင်ထက် လောဘ ၊ ဒေါသ ၊ မောဟပိုမိုများပြားလာတတ်ပါသည်။ ဒီအရာကသာ မန်မဟုတ်သော သေဆုံးခြင်းဆီကို ပို့ဆောင်ပေးတတ်ပါသည်။စိတ်ကြောင့်ပိုမို သေဆုံးမှုများ ဖြစ်တတ်ပေသည်။

ကမ္ဘာလုံးဆိုင်ရာအားဖြင့် အလွန်ကြီးမားသော ရှာဖွေတွေ့ ရှိမှုကြီးတစ်ခု ဒီနှစ်မှာ ရှာဖွေမိတတ်ပေသည်။မြန်မာနိုင်ငံဖြင့် မသက်ဆိုင်သော်ငြားလည်း 21 ရာစု၏ အကြီးဆုံး တွေ့ရှိမှုကြီးတစ်ခု ဖြစ်သွားတတ်ပေသည်။ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။C r d

Add a Comment

Your email address will not be published. Required fields are marked *