အမေဖြစ်သူ ခိုင်သင်းကြည်က ပိုဟော့၊ပိုမိုက်တယ်လို့ပြောပြလာတဲ့စံထိပ်ထားဦး

အမေဖြစ်သူခိုင်သင်းကြည်က ပိုဟော့၊ပိုမိုက်တယ်လို့ပြောပြလာတဲ့ စံထိပ်ထားဦး

အနုပညာနဲ့ပတ်သက်ရင်လည်း အကယ်ဒမီဆုကြီးတွေကို လက်ဝယ်ပိုင်ဆိုင်ထားသလို သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ဟာ သူမရဲ့ဘဝမှာ အပူအပင်ဆိုပြီး မရှိလောက်အောင်

နည်းပါးသူတစ်ယောက်ဖြစ်ပါတယ်။နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားအတိုင်း အသက်ငါးဆယ်နီးပါးတိုင်

လူငယ်လေးတစ်ယောက်လို နုပျိုနေဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး မိသားစုရေးမှာလည်း စိတ်ချမ်းသာမှု အပြည့်ရရှိထားတဲ့ ခိုင်သင်းကြည်က တစ်ဦးတည်းသော သမီးလေး တစ်ယောက်တည်းကိုသာ

မွေးဖွားထားတာ ဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးကလည်း မေမေ့ရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားပြီး ကြော်ငြာတွေ၊ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနေတာပဲဖြစ်ပါတယ်။

ခိုင်သင်းကြည်ကလည်း အပျိုအရွယ်သမီးလေးတစ်ယောက်ရှိပေမယ့် သမီးဖြစ်သူနဲ့အပြိုင် နုပျိုလှပသူတစ်ယောက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ခိုင်သင်းကြည်က သူမရဲ့ နုပျိုသွယ်လျလွန်းတဲ့ ဓာတ်ပုံကို

ပရိသတ်တွေဆီ မျှဝေလာခဲ့တာကြောင့် ပရိသတ်တွေကသဘောကျနေကြပါတယ်။ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးကလည်း သူမရဲ့အမေနဲ့ပတ်သတ်ပြီး အခုလိုပဲ ပြန်လည်မျှဝေလာခဲ့တာပါ။

“သူငယ်ချင်းတွေက မင်းအမေက မင်းထက်ပိုဟော့တယ်လို့ ပြောကြတယ်။ ဟုတ်ပါတယ် အဲ့ဒီအချက်ကို ငါလက်မခံပဲ နေလို့မရပါဘူး။ အမေက အမိုက်ဆုံးပဲ”ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။ခိုင်သင်းကြည်ကလည်း

သူမရဲ့အရွယ်အရ အံ့သြစရာကောင်းလောက်အောင် နုပျိုလှပသလို ထိပ်ထိပ်လေးကလည်း ဆယ်ကျော်သက်လေး တစ်ယောက်ပီပီ ငယ်သွေးကြွယ်ကာ ချစ်စရာကောင်းသူလေး တစ်ယောက်ဆိုတာကိုတော့ ပရိတ်သတ်ကြီးတို့လည်း လက်ခံပါနော်။C r d

Add a Comment

Your email address will not be published. Required fields are marked *