အင်းစိန်ပန်းခြံမှတ်တိုင်မှာ ကားစောင့်စိီးနေတဲ့ အမျိုးသမီးငယ်လေးကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်(သတိထား သွား၊လာနိုင်ကြစေရန်)

အင်းစိန်ပန်းခြံမှတ်တိုင်မှာ ကားစောင့်စိီးနေတဲ့ အမျိုးသမီးငယ်လေး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်(သတိထား သွား၊လာနိုင်ကြစေရန်)

ပရိသတ်ကြီးတို့ရေ ဒီလိုအဖပ်ဖက်က ခက်ခဲနေတဲ့ကာကြီးမှာ ဝမ်းရေးအတွက်၊မိသားစုအရေးအတွက် အပြင်ထွက် အလုပ်လုပ်နေကြရတဲ့ အမျိုးသမီးထုကြီးအတွက် အစစအရာရာ သတိထားနိုင်စေဖို့အတွက် ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

အမျိုးသမီးငယ်လေးတစ်ဦးမှာ မနေ့က အောက်တိုဘာလ(၂၃)ရက်နေ့ ည(၆)နာရီကျော်ခန့်က အင်းစိန်ပန်းခြံ ကားမှတ်တိုင်မှာ သူမကြုံတွေ့ခဲ့ရတဲ့ ထိပ်လန့်ဖွယ် အဖြစ်အပျက်ကို သူမရဲ့လူမူကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်နော်။

“ဒီနေ့ ညနေ ၆ နာရီ ၂၀ မိနစ်လောက်က အင်းစိန်ပန်းခြံ မှတ်တိုင်မှာ ၂၁ ပြောင်းစီးဖို့အတွက် ၁၆ ကားပေါ်ကနေ ဆင်းပါတယ်။အဲ့နားက ဆိုင်ကယ်ကယ်ရီတွေ ရပ်ထားတာကို ကျော်ပြီး အနောက်မှာ သွားရပ်ပြီး ၂၁ အလာကို ရပ်စောင့်နေခဲ့ပါတယ်။၁၆ ကားပေါ်ကနေ

ဆင်းလာကတည်းက အဲ့ထဲက ကယ်ရီသမားတစ်ယောက်က ညီမလေး ဆိုင်ကယ်သွားမလား ဆိုပြီး တရစပ် မေးနေတာပါ။မသိသလိုနေပြီး လမ်းဆုံမှာလည်း ပွိုင့်မိနေတဲ့အတွက် ပွိုင့်အလွှတ် ကိုယ်စီးမဲ့ ကားလာတာကိုပဲ ဆက်စောင့်နေခဲ့ပါတယ်။ဟိုတစ်ကောင်က ဆိုင်ကယ်

သွားမလာ မေးနေတုန်းပါပဲ။အဲ့အချိန်ဘေးက ကောင်တွေကလည်း”ဟေ့ကောင် မင်းကလည်း ကောင်မလေး တစ်ယောက်ထဲကိုတဲ့ မလုပ်သင့်ဘူး။အဆင်ပြေရင် ငါတို့လည်း တစ်ဝက်”ဆိုပြီး အော်ပြောပါတယ်။ထပ်ပြီး နောက်တစ်ယောက်က”သူ့ဆံပင်ချည်းပဲ ဂုန်းတံတား

အဆင်းမှာ ရောင်းစားရင် ၁သိန်းခွဲလောက်ရမယ်”ဆိုပြီး ထပ်ပြောပါတယ်။အဲ့မှာ ပွိုင့်လွှတ်တော့ ကားတွေက စထွက်လာပါပြီ။၂၁ တော့မပါသေးပဲ ကားလေးတွေ အရင်လာနေတာပါ။နောက်၂၁ထွက်လာတာ မြင်တော့ ကားလမ်းဘက် ရှေ့နည်းနည်းထွက်ရပ်ဖို့ အထွက်

သူတို့ရှေ့က အဖြတ်မှာ ခုနက ဆိုင်ကယ်သွားမလား မေးတဲ့အကောင်က”နင်က တော်တော် စောက်ကြောတင်းတာပဲနော်။ငါမေးနေတာကိုမဖြေဘူး။စောက်ကြော အဲ့လောက်မတင်းနဲ့”ဆိုပြီး လွယ်ထားတဲ့ ပိုက်ဆံအိတ်ကို လှမ်းဆွဲပါတယ်။ပခုံးကနေ ကြိုးက လျောကျပြီး

လက်ကောက်ဝတ်မှာ လာချိတ်နေတော့ ပြန်ပြီး လက်နဲ့ ကြိုးကို တစ်ပတ်ရစ်ပြီး”ကယ်ကြပါဦး”လို့အော်တာ ဘေးက ကယ်ရီသမားတွေက ရီနေကြပြီး”ဆိုင်ကယ်ပေါ် တင်ပြေးပြီး တစ်ဘဝလုံး ကယ်ပေးရမလား”ဆိုပြီးပြောပါတယ်။

အဲ့အချိန် ကားကလဲ လာနေပြီဆို​တော့ လူလည်း ဘာလုပ်ရမှန်းမသိ ပူထူပြီး ညာဘက်လက်မှာ ကိုင်ထားတဲ့ထီးနဲ့ အိတ်ဆွဲထားတဲ့ အကောင်ရဲ့ ပေါင်ကြားထဲကို ဆောင့်ထိုးချလိုက်တော့မှ”အောင်မလေး”ဆိုပြီး လွှတ်သွားတာနဲ့ ကားပေါ် အမြန်ပြေးတက်ခဲ့ရတာပါ။

အဲ့အကောင်နဲ့ သူ့အပေါင်းအပါ တစ်သိုက်က ဆဲဆိုရင်းနဲ့ အနောက်မှာ ကျန်ခဲ့ပါတယ်။ပြောချင်တာက ဘယ်သွားသွား သတိရှိကြပါနော်။အင်းစိန်ပန်းခြံမှာ ဆင်းတဲ့သူတွေ အဲ့ကနေ ကားတစ်ဆင့် ထပ်စီးမဲ့သူတွေအနေနဲ့ သူတို့နားကို ဝေးဝေးရှောင်ပြီး နေပါ​နော်။

အများနဲ့ တစ်ယောက်ဆိုတော့ ဖြစ်ခဲ့ရင် တကယ်မလွယ်ပါဘူး။ပြီးတော့ လက်သည်းညှပ် or ခဲတံချွန်ဓားဖြစ်ဖြစ် အိတ်ထဲဆောင်ထားသင့်ပါတယ်။ဒီနေ့လိုအဖြစ်မျိုးမှာ ထီးသာပါမလာခဲ့ရင် ဘာတွေဖြစ်ဦးမလဲမသိပါဘူး သတိထားကြပါနော်”

ဆိုပြီး သူမကြုံတွေ့ခဲ့ရပုံကို ပြန်လည်မျှဝေလာခဲ့တာပါ။စာဖတ် ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်ကူးယူပြီး ဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *