သူ့နာမည်နဲ့ ဘတ်ထရီအိုးက သုံးလုံးဂဏန်းလေးကို သဘောကျနေတဲ့ မင်းမော်ကွန်း

သူ့နာမည်နဲ့ ဘတ်ထရီအိုးက သုံးလုံးဂဏန်းလေးကို သဘောကျနေတဲ့ မင်းမော်ကွန်း

အကယ်ဒမီ သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဆယ်စုနှစ်တစ်ခုထဲက ပရိသတ်တွေရဲ့ကြားမှာ နာမည်ကြီးကျော်ကြားလာခဲ့တဲ့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတစ်ယောက်ထဲမှာ အပါအဝင်ဖြစ်ပါတဲ့ မင်းသားချောပါ။

ဒါအပြင် အရွယ်တင်နုပျိုလွန်းတာကြောင့် ပရိသတ်တွေအားလုံးက ချစ်ခင်စွာနဲ့”ကိုကြာနု”လို့ တင်စားခေါ်ကြပါသေးတယ်။ ကိုကျော်ဟာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ အနုပညာလုပ်ငန်းတွေမှာ ဘက်စုံတော်တဲ့

မင်းမော်ကွန်းကတော့ သီချင်းတွေကို သီဆိုထားပြီး လူရွှင်တော်အဖြစ်လဲ အောင်မြင်ခဲ့ပါသေးတယ်။ မကြာသေးခင် နာရီပိုင်းလောက်က မင်းမော်ကွန်းက တစ်စုံတစ်ခုကို သဘောကျတဲ့အကြောင်းလေး

ပရိသတ်တွေကို ပြန်လည်ဝေမျှလာခဲ့ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ‌ရောက်ရှိနေတဲ့ မင်းမော်ကွန်းကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေပြီး သူ့ရဲ့လှုပ်ရှားမှု့တွေကိုလည်း လူမှု့ကွန်ယက်မှာ အသိပေးနေကျဖြစ်ပါတယ်။

ပရိသတ်တွေချစ်ခင်ရတဲ့ ကိုကျော်ကတော့ ဒီကနေ့မှာ သူ့ရဲ့ဘတ်ထရီအိုးပေါ်က ဂဏန်းလေးတစ်ခုနဲ့ပတ်သတ်ပြီး သဘောကျနေတယ်ဆိုတဲ့အကြောင်းကို”ဘက်ထရီအိုးကို နာမည်ထိုးရလောက်အောင်အထိ ဒီဘက်ကသူတွေ

ဥစ္စာမခြောက်ကြဘူးကွ ဘာပဲဖြစ်ဖြစ် ချဲတော့ထိုးဦးမှ Edit သရော်ခြင်းသာ ဖြစ်ပါတယ် ကျွန်တော်တစ်သက်လုံး ချဲမထိုးဘူးပါ အားလုံးဝိုင်းထိုးရင် ပလုံမှာစိုးလို့ပါ တင်တဲ့ကောင်က ဒိုင်ဖြစ်လောက်တယ်”ဆိုပြီး

သူ့ရဲ့လူမှု့ကွန်ယက် စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးနဲ့အတူ ရေးသားမျှဝေလာခဲ့တာပါ။ မင်းမော်ကွန်းရဲ့ နာမည်လေးနဲ့အတူ “၅၄၃”ဆိုတဲ့ ဂဏန်းနံပါတ်လေးပါရှိတဲ့ ပုံလေးကိုပရိသတ်တွေက သဘောကျနေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းမော်ကွန်းကတော့ တစ်သက်လုံး ချဲမထိုးဘူးပါဖူးတဲ့နော်။ချစ်ခင်ရတဲ့ပရိသတ်တွေကို ပျော်ရွှင်စေချင်လို့ စနောက်ရေးသားထားရုံသာ ဖြစ်ပါတယ်။ မင်းမော်ကွန်းကိုချစ်တဲ့ ပရိသတ်တွေအတွက် သတင်းလေးကို ပြန်လည်ရေးသား

တင်ဆက်ပေးလိုက်ရပါတယ်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးနဲ့ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင် နိုင်ကြပါစေနော်။C r d

Add a Comment

Your email address will not be published. Required fields are marked *