သီတင်းကျွတ်လပြည့်နေ့မှာဘုရားကို နေကြာဝမ်းဆက်ဝတ်ပြီး သွားရောက်ဖူးမျှော်ကြရတဲ့ အဓိကအကြောင်းအရင်းပေါက်ကြား

သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားကို နေကြာဝမ်းဆက်ဝတ်ပြီး သွားရောက်ဖူးမျှော်ကြရတဲ့ အဓိကအကြောင်းအရင်းပေါက်ကြား

“စစ်ကောင်စီက အနေကြာအောင် နေကြာပန်းဝတ်စုံများဖြင့် ယတြာချေသလား”ယနေ့ အောက်တိုဘာလ (၂၀)ရက် သီတင်း ကျွတ်လပြည့်နေ့တွင် ရန်ကုန်နှင့်

မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြား တန်ခိုးကြီးဘုရားများသို့ ဘုရားဖူးများ စည်ကားသိုက် မြိုက်စွာ သွားလာနေကြသည့် ဓာတ်ပုံများ လူမှုကွန်ယက်ပေါ်တွင်

ပျံ့နှံ့လျှက်ရှိသည်။ထိုကဲ့သို့ ဘုရား သွားရောက်ဖူးမျှော်ကြသူများတွင် စစ်ကောင်စီထောက်ခံသူအမျိုးသမီးများ အများအပြားပါဝင်နေပြီး အဆိုပါ အမျိုးသမီးများမှာ

နေကြာပန်းပုံပါသည့် ဝတ်စုံများ အရောင်အသွေး စုံလင်စွာ ဝတ်ဆင်နေမှုများကို လူမှုကွန်ယက်ပေါ်တွင် တွေ့ရှိရသည်။အာဏာသိမ်း စကစလက်အောက်ရှိ ဝါဒဖြန့်

မီဒီယာများဖြစ်သည့် MRTV၊MWD ရုပ်သံလိုင်းများတွင်လည်း သတင်းကြေငြာသည့်အမျိုးသမီးများ ကိုယ်တိုင် နေကြာပန်း ဝတ်စုံများဖြင့် သတင်းကြေငြာ

နေသည်ကို တွေ့မြင်ရသည်။ဗေဒင်လက္ခဏာ ကျွမ်းကျင်သူများ အနေဖြင့် အာဏာသိမ်း စကစမှ သူတို့ အနေကြာရေးအတွက် “နေကြာပန်း”ပါသော ဝတ်စုံများ

ဝတ်ဆင်ခိုင်း၍ သီတင်းကျွတ်လပြည့်နေ့တွင် သူတို့ကို ထောက်ခံသူ များပြားလာအောင် ယတြာချေသည့်အနေဖြင့် ဝတ်ဆင်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း

သုံးသပ်ပြောဆိုထားကြပါတယ်။ပြီးခဲ့သည့် (၂၀၁၄ )ခုနှစ်ကလည်း စကစက လက်ရှိစစ်စိမ်းရောင်ယူနီဖောင်းအပြင် အစိမ်းနုရောင် ယူနီဖောင်းအား တနလ်ာနေ့

တရက်ဝတ်ဆင်ရန် ညွှန်ကြားခဲ့ပြီး အဆိုပါ “စိမ်းနုရောင်”သည် “စုနိမ့်”ဆိုသည့် ကက်ကင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် နာမ်နှိမ်လို၍ ဝတ်ဆင်ခိုင်းခြင်း

ဖြစ်ကြောင်း နက္ခဗေဒင်ဆရာများ၏ သုံးသပ်ပြောဆိုချက်များအရ သိရှ်ိရပါတယ်။ဖတ်ရှု့ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်ကြီးတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။

ပရိသတ်ကြီးတို့လည်း ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ် အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *