သားလေးတွေကို အရမ်းလွမ်းလွန်းလို့ သတိရခြင်းတွေနဲ့ဖြေသိမ့်နေရတယ်လို့ ပြောလာတဲ့ ဒါရိုက်တာကိုပေါက်

သားလေးတွေကို အရမ်းလွမ်းလွန်းလို့ သတိရခြင်းတွေနဲ့ဖြေသိမ့်နေရတယ်လို့ ပြောလာတဲ့ ဒါရိုက်တာကိုပေါက်

ဒါရိုက်တာ ကိုပေါက်ကတော့ ပြည်သူပရိသတ်တွေက လေးစားချစ်ခင်ရပြီး အားပေးရကျိုးနပ်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။

ကိုပေါက်ဟာ ဖေဖော်ဝါရီလ (၁)ရက်နေ့ နောက်ပိုင်းကနေ စတင်ပြီး ပြည်သူတွေနဲ့ ရင်ဘတ်ချင်းတူ နှလုံးသားချင်းတူညီစွာနဲ့ တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။

လက်ရှိမှာတော့ ၅၀၅(က)ဖြင့် အမှုစွဲဆိုခံထားရပြီး လွတ်မြောက်နယ်မြေမှာပဲ ဘဝကိုတန်ဖိုးရှိရှိ လျှောက်လှမ်းနေတာ တွေ့မြင်ရပါတယ်။ပြည်သူတွေရဲ့ အနာဂတ်အိမ်မက်တွေ ထွန်းလင်းတောက်ပစေဖို့အတွက်

ချစ်မြတ်နိုးရတဲ့ မိသားစုနဲ့ တန်ဖိုးရှိတဲ့ အရာအားလုံးကို စွန့်လွှတ်ထားခဲ့ရသူပါ။ပရိသတ်ကြီးရေ ပြည်သူ့ဘက်တော်သား တစ်ဦးဖြစ်တဲ့ ဒါရိုက်တာကိုပေါက်ကတော့ လွတ်မြောက်နယ်မြေ တစ်နေရာကနေ

အမှန်တရားနဲ့ ယုံကြည်ချက်အတွက် တလှေတည်းစီးနေကြတဲ့ ရဲဘော်တွေအတွက် လိုအပ်သမျှကို ကူညီဖြည့်ဆည်းပေးနေသူပါ။ဒါရိုက်တာ ကိုပေါက် အဓိကတာဝန်ယူ လုပ်ကိုင်ပေးနေတာကတော့ ခက်ခဲပြီး

အစစအရာရာ ရှားပါးနေတဲ့နေရာမှာ ရှိတာလေးနဲ့ စားကောင်းစေဖို့ အစားအသောက်အတွက် စားဖိုမှူးကြီး တာဝန်ကိုထမ်းဆောင်နေတာပါ။လွတ်မြောက်နယ်မြေ ရောက်ရှိနေခဲ့တဲ့ အချိန်လေးတွေမှာလည်း အခက်အခဲ

အဆင်မပြေတာတွေ ရှိနေပေမယ့်လည်း ပျော်ရွှင်စရာလေးတွေ ဖန်တီးပြီး ရည်မှန်းချက်တွေ ပြည့်ဝဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ကိုပေါက်က လွတ်မြောက်နယ်မြေက အပြစ်ကင်းစင်တဲ့

ကလေးတွေနဲ့အတူ ရယ်မောပျော်ရွှင်နေတဲ့ ပုံရိပ်တချို့ကို လည်း ဖော်ပြထားခဲ့ပါသေးတယ်။ကိုပေါက်ကလည်း လူသားအချင်းချင်း စာနာတတ်ပြီး ဖြူစင်တဲ့ နှလုံးသားနဲ့ပဲကြည့်တတ်တဲ့သူပါ။

ယခုအခါမှာလည်း ဒါရိုက်တာကိုပေါက်က သူသားလေးတွေကို လွမ်းဆွတ်၊သတိရနေတဲ့အကြောင်းကို အခုလိုရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်။

“သားတွေကိုလွမ်းရတာများလာတော့ ရင်ထဲလှိုက်လှိုက်ပြီး ဝမ်းနည်းပူဆွေးရတာ များလာတယ်။ကျန်တဲ့ နေရေး၊ထိုင်ရေး၊စားရေး၊သောက်ရေး အားလုံးအဆင်ပြေအောင် ကျနော် နေတတ်ပါတယ်။

ဒါပေမယ့် မိသားစုကို လွမ်းရတဲ့အခါ ကျနော် အဆင်မပြေဘူး။တစ်ချို့ တိုင်းရင်းသားကလေးတွေနဲဲ့ ဘာသာစကားခက်ခဲပေမယ့် ကလေးဆ်ိုတာ လက်သာရင်ကပ်တာပါပဲ။ကျနော့သားတွေနဲ့ စမက်ဒေါင်း မချရတာ

(၉)လကျော် (၁၀)လထဲ့ရောက်လာတော့ သူနဲ့ချတာပေါ့။သူနဲ့ စမက်ဒေါင်းချတဲ့အခါ သူပျော်နေတာတွေကကျနော့်သားတွေနဲ့ ချနေရသလိုပါပဲ။ကလေးတွေရဲ့သဘောသဘာဝက အတူတူပဲလေ။

အလွမ်းကို သတ်ိရခြင်းတွေနဲ့ ဖြေသိမ့်ရင်း“အံကိုတင်းပြီး လက်သီးဆုပ်ထားတယ် ရင်ကိုကော့ပြီး ခေါင်းမော့ထားပါတယ်”ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *