သရုပ်ဆောင် ယဉ်လတ်နေအိမ် ဗုံ းခွဲ ခံ ရ

သရုပ်ဆောင် ယဉ်လတ်နေအိမ် ဗုံ းခွဲ ခံ ရ

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် မင်းသမီး ယဉ်လတ်ကိုတော့ အားလုံးသိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။အနုပညာလောကမှာ စွယ်စုံမင်းသမီးဆိုပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့ဘူးတဲ့ သူတစ်ဦးပါပဲနော်။

ယဥ်လတ်က နွေဦးကာလမှာလည်း လုံးဝမပါဝင်ပဲ ရေငုံနှုတ်ပိတ်နေခဲ့တာ ဖြစ်ပါတယ်။ပရိသတ်တွေက ဘယ်လိုပဲ ဝေဖန်ပြောဆိုနေပါစေ လုံးဝကိုမတုံ့ပြန်ပဲ အေးဆေးစွာနဲ့ နေနေတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ယဉ်လတ်က စကစကို ထောက်ခံသူ အနေနဲ့တင်မဟုတ်ဘဲ MWD ချန်နယ်အတွက်လည်း အစီအစဉ်တစ်ခု ရိုက်ကူးထားပါသေးတယ်။သူမ မျှဝေခဲ့တဲ့ ပုံတွေအောက်မှာလည်း ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို

ခံနေရတာပါနော်။ဘယ်သူတွေဘယ်လိုပဲ ပြောနေကြပါစေ ယဉ်လတ်ကတော့ လုံးဝကို ဂရုမစိုက်ပါဘူး ဆိုပြီးတော့ တုံပြန်လာခဲ့တာပါ။ဒီကနေ့ နိုဝင်ဘာလ (၁၅)ရက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်၊ကျိုက္ကဆံရပ်ကွက်၊

ဥဿဖယားလမ်းမှာရှိတဲ့ သရုပ်ဆောင် ယဉ်လတ်ရဲ့ နေအိမ်ကို ဗုံ းခွဲ ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ကျိုက္ကဆံရပ်ကွက်က နာမည်ကြီး ဒလန်တစ်ဦး ပစ်သတ်ခံရပြီးတဲ့နောက်မှာတော့ စကစက ရောက်ရှိလာချိန်မှာပဲ

တပ်ထောက်ခံသူ သရုပ်ဆောင် ယဉ်လတ်ရဲ့အိမ် ဗုံ းခွဲ ခံလိုက်ရတာပါ။လောလောဆယ်မှာတော့ ပတ္တမြားလမ်း ပုလဲလမ်းနားမှာ လမ်းပိတ်ပြီး စစ်ဆေးမှုများရှ်ိနေပါတယ်။Source:ကျိုက္ကဆံရပ်ကွက်

Add a Comment

Your email address will not be published. Required fields are marked *