လွယ်လွယ်နဲ့ စိတ်ဓာတ်မကျတဲ့သူမို့ ဘယ်တော့မှ အားလျှော့မှာ မဟုတ်ဘူးဆိုတဲ့ ပန်ကိတ်ဒါဒါ

လွယ်လွယ်နဲ့ စိတ်ဓာတ်မကျတဲ့သူမို့ ဘယ်တော့မှ အားလျှော့မှာ မဟုတ်ဘူးဆိုတဲ့ ပန်ကိတ်ဒါဒါ

ပရိသတ်ကြီးတို့ရေ နာမည်ကျော် လူသိများလှတဲ့ Beauty Blogger တစ်ယောက်လည်းဖြစ်သလို Social Influencer တစ်ယောက်လည်းဖြစ်တဲ့

ပန်ကိတ်ဒါဒါကတော့ နိုင်ငံ ရပ်ခြားမှာနေထိုင်ပြီး မြန်မာ့ နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ အတက်ကြွဆုံး ပါဝင်လှုပ်ရှားနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ပန်ကိတ်ဒါဒါက နွေဦးတော် လှန်ရေး ရန်ပုံငွေများကို တတ်စွမ်းသရွေ့ ကြိုးစားရှာဖွေပေးနေလျှက်ရှိပါတယ်။မြန်မာပြည်မှာရှိတဲ့ ပြည်သူလူ ထုနဲ့အတူတူ

အမှန်တရားဘက်မှ တစ်သားတည်း ရပ်တည်တာပဲ ဖြစ်ပါတယ်။အမိမြေနဲ့ဝေးကွာနေပေမဲ့လည်း အမိမြေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာများကို ကိုယ့်ပြဿနာလို့

သတ်မှတ်ထားတဲ့ ပန်ကိတ်ဒါဒါက ဒီကနေ့မှာတော့ သူမရဲ့စိတ်ခံယူချက်ကို အခုလိုပဲပြောပြ ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်။”စိတ်ဓါတ် လွယ်လွယ်နဲ့ မကျတတ်တဲ့

အမျိုးသမီးတစ်ယောက်အဖြစ် ကို့ကိုယ်ကို ယုံကြည်သတ်မှတ်ထားတာမို့ အားမလျှော့ဘူး။ဒီပွဲမှာ မတရားတဲ့သူတွေ မအောင်မြင်စေရဘူး”ဆိုပြီးတော့

ရေးသားလာတာကို တွေ့ရပါတယ်။ပန်ကိတ်ဒါဒါကတော့ တော်လှန်ရေးနဲ့ ပတ်သတ်ပြီး ဘယ်တော့မှ အားမလျှော့သလို ပန်ကိတ်ဒါဒါနဲ့ တစ်သွေးတည်း တစ်သားတည်း

ရှိတဲ့ ပြည်သူတွေကလည်း ဒုနဲ့ဒေးရှိတယ်ဆိုတာတော့ ပြောဖို့တောင် လိုမယ်မထင်ပါဘူးနော်။မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းရင်း

ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r dSource: Pancake DADA

Add a Comment

Your email address will not be published. Required fields are marked *