လေဆိပ်မှာဖမ်းဆီးခံရပြီးနောက် သားသမီးတွေရှိရာနိုင်ငံသို့ ရောက်အောင်သွားခဲ့တဲ့ သန္တာလှိုင်

လေဆိပ်မှာဖမ်းဆီးခံခဲ့ရပြီးနောက် သားသမီးတွေရှိရာနိုင်ငံသို့ ရောက်အောင်သွားခဲ့တဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ အလှအပနဲ့ ကျန်းမာရေးအတွက် အမြဲကျန်းမာရေး လိုက်စားနေတဲ့ အမျိုးသမီးတိုင်းရဲ့ Idol မော်ဒယ် သန္တာလှိုင်ကတော့ ပရိသတ်တွေရဲ့

အားပေး ချစ်ခင်မှုတွေကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်နော်။မော်လ်ဒယ် သန္တာလှိုင်ကတော့ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူတွေနဲ့အတူ အပြည့်အဝ

ရပ်တည်ပေးခဲ့ပြီး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ဒါ့အပြင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့ပြီး တတ်နိုင်တဲ့

အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက် ပေးခဲ့တာကြောင့်လည်း အားလုံးရဲ့ ချီးကျူးခြင်းတွေကို ရရှိခဲ့ပါတယ်။ဒီလိုအမှန်တရားဘက်က ရပ်တည်ပေးခဲ့တာကြောင့်လည်း

သန္တာလှိုင်ဟာ ပုဒ်မ(၅၀၅-က)ဖြင့် အမှုဖွင့်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မော်ဒယ်သန္တာလှိုင်က လအနည်းငယ်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နောက်ပိုင်းမှာတော့

ခံဝန်လက်မှတ်ထိုးကာ အိမ်ပြန်နေခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ (၁၅)ရက်နေ့က သန္တာလှိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စကစတပ်ဖွဲ့ဝင်များမှ

ဖမ်းဆီးခဲ့ပြီးနောက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ဒီဇင်ဘာလ (၃)ရက်နေ့ ညကတော့ သန္တာလှိုင်ရဲ့ Instagram လူမှုကွန်ယက်မှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သားသမီးတွေနဲ့ (၂)နှစ်အကြာမှာ ပြန်တွေ့ခွင့်ရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။သန္တာလှိုင်ကတော့ အခက်အခဲတွေ ကြားထဲကနေ

ကလေးတွေရှိရာကို ရောက်အောင်သွားခဲ့တာကတော့ သိပ်ကို သတ္တိရှိလွန်းပါတယ်နော်။သန္တာလှိုင်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြီးတို့အတွက် သန္တာလှိုင်တို့

မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို အားလုံးကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့

ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။Source:Thandar Hlaing’instagram

Add a Comment

Your email address will not be published. Required fields are marked *