လူကြီးလူငယ်မရွေးအကုန်လုံးကို စတုဒီသာကျွေးမွေးလှူဒါန်းခဲ့တဲ့ မော်ဒယ်စူးရှထက်

လူကြီး၊လူငယ်မရွေး အကုန်လုံးကို စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့တဲ့ မော်ဒယ် စူးရှထက်

ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ မော်လ်ဒယ် သရုပ်ဆောင် စူးရှထက်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို

ရရှိပိုင်ဆိုင်ထားတဲ့ ပရိတ်အချစ်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။စူးရှထက်က လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်ပြီး လှုပ်ရှားမှုတွေမှာ

ပါဝင်နေသူပဲ ဖြစ်ပါတယ်။ပြည်သူအားလုံး စည်းလုံးစွာပြုလုပ်ကြတဲ့ တော်လှန်ရေးကြီးမှာ လမ်းမပေါ်ထွက်ပြီး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်။

စူးရှထက်ကတော့ ခေတ်လူငယ် တစ်ယောက်ပီပီ ခေတ်နဲ့အညီ နေထိုင်တတ်ပေမဲ့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုလည်း ရက်ရောစွာ လှူဒါန်းလေ့ရှိပါတယ်။အလှူရှင်တွေနဲ့အတူ

စုပေါင်းလှူဒါန်းမှုတွေအပြင် သူမရဲ့ချွေးနည်းစာ ငွေကြေးတွေနဲ့လည်း တစ်ဦးတည်း လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။စူးရှထက်ကတော့

မကြာခဏဆိုသလို သူမရဲ့ဆိုင်ရှေ့မှာပဲ စားဝတ်နေရေး ခက်ခဲကျပ်တည်းနေတဲ့ သူများအတွက် စားသောက်ကုန်တွေ ဟင်းသီးဟင်းရွက်တွေကိုလည်း မကြာခဏ လှူဒါန်းပေးလေ့ရှိပါတယ်။ယခုအမှာလည်း စူးရှထက်က

သူမရဲ့ဆိုင်ရှေ့မှာပဲ အုန်းနို့ခေါက်ဆွဲ စတုဒီသာ အလှူလေးတစ်ခုကို စေတနာသဒ္ဓါတရား ထက်သန်လှစွာနဲ့ လှူဒါန်းပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။စူးရှထက်က

ဆိုင်ရှေ့ကို ရောက်လာသမျှ လူကြီး၊လူငယ်မရွေး အကုန်လုံးကို အုန်းနို့ခေါက်ဆွဲ ကျွေးမွေးလှူဒါန်းတဲ့ စတုဒီသာ အလှူကြီးကို သူမက လူအား၊ငွေအားရော

စိုက်ထုတ်ကာ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။တွေ့မြင်ရသူတိုင်း ပီတိဖြစ်ရတဲ့ မော်ဒယ် စူးရှထက်ရဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ကြစေဖို့ ပြန်လည်ဝေမျှ ဖော်ပြပေးလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *