ရွှေပေါ်ကျွန်းဆရာတော်ကြီး မိန့်တော်မူတဲ့ ဆီးရောဂါအတွက် ဆေးနည်းကောင်း

ရွှေပေါ်ကျွန်းဆရာတော်ကြီး မိန့်တော်မူတဲ့ ဆီးရောဂါအတွက် ဆေးနည်းကောင်း

ဆီးရောဂါနဲ့ ပတ်သက်နေတဲ့သူတွေအတွက် နောင်တစ်ချိန်မှာ အသုံးဝင်နိုင်တာမို့ သိမ်းထားသင့်ပါတယ်နော်။ဆီးနဲ့ ပတ်သက်တဲ့ ရောဂါဝေဓနာတွေ ရှိနေရင်တော့ ဒီဆေးနည်းလေးကို သေချာသိမ်းထားသင့်ပါတယ်။

ဆီးနီ၊ ဆီးဝါ၊ ဆီးချုပ်၊ ဆီးအောင့်၊ ဆီးပူး၊ ဆီးကျဉ်၊ ဆီးကျန်စသည့် ဆီးနဲ့ပတ်သတ်တဲ့ ဝေဒနာများခံစားနေရပါက ရောဂါအရှင်းပျောက်ကင်းစေတဲ့ ဆေးနည်းကို ကျေးဇူးတော်ရှင် ရွှေပေါ်ကျွန်း ဆရာတော်ကြီးထံမှ

အမှတ်မထင် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးက ဆေးပညာ အလွန်ကျွမ်းကျင် ပိုင်နိုင်ပါတယ်။တပည့်၊ ဝေနေယျများကိုလည်း တစ်ခါတစ်ရံမှာ ဆေးနည်းများ ပေးသည့်အခါလည်း ရှိပါတယ်။

ရွှေပေါ်ကျွန်း ဆရာတော်ကြီး မိန့်တော်မူသော ဆီးရောဂါဆေးနည်းမှာ “နနွင်း၊ ဆီးဖြူ၊ ပျားရည်ကူက မလွဲသေချာ ဆီးရောဂါပျောက်၏”ဟုမိန့်ဆိုတော်မူခဲ့ပါတယ်။ယေဘူယျအားဖြင့် ယောကျာ်းသား အတော်များများက

အမျိုးသမီးများထက် ဆီးရောဂါမျိုးစုံကို ခံစားရလေ့ရှိကြပါတယ်။ယုံကြည်စွာနဲ့ အမှန်တကယ် လုပ်ဆောင်ရန်မှာ ဝေဒနာရှင်တို့ရဲ့ တာ၀န်သာ ဖြစ်ပါတယ်။ယခုတင်ပြသော ဆီးရောဂါဆေးနည်းမှာ လူသိနည်းပါးလှပါတယ်။

ဆေးနည်းမှာ (၁)နနွင်းမှုန့် (၃)ပဲသား (၂)ဆီးဖြူသီး သတ္တုရည် (၁)ဇွန်းနှင့် (၃)ပျားရည်စစ်စစ် (၁)ဇွန်းတို့ပဲဖြစ်ပါတယ်။ထိုပါဝင်ပစ္စည်း သုံးမျိုးကို သေချာရောစပ်ပြီး တစ်နေ့တစ်ကြိမ်သာ အသေအချာ

သောက်သုံးပါက ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာများ မုချပျောက်ကင်းပါတယ်။ယင်းဆေးနည်းကို လက်ဆင့်ကမ်းပေးခဲ့ရာ ရောဂါပျောက်ကင်းသူ အလွန်များခဲ့ပါတယ်။

ဝေဒနာရှင်များ လက်တွေ့ လိုက်နာဆောင်ရွက်ကြည့်ပါ ဆီးရောဂါများ ပျောက်ကင်းသက်သာပါက ထပ်မံဝေမျှပေးကြပါအုံးနော်။ပရိသတ်ကြီးတို့အားလုံးလည်း

ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးများကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *