ရုပ်ရှင်အစည်းအရုံးနာယကကြီးဖြစ်တဲ့ စွယ်စုံရဘဘဗိုလ်ကလေးတင့်အောင် ကွယ်လွန်

ရုပ်ရှင်အစည်းအရုံးရဲ့ နာယကကြီးဖြစ်တဲ့ စွယ်စုံရ ဘဘဗိုလ်ကလေးတင့်အောင် ကွယ်လွန်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ဂီတအစည်းအရုံးရဲ့ နာယကကြီး ဘဘဗိုလ်ကလေးတင့်အောင် ကွယ်လွန်သွားပြီလို့ သိရှိရပါတယ်။ဘဘဗိုလ်ကလေးတင့်အောင်က မနေ့က ဒီဇင်ဘာလ (၁၆)ရက်နေ့

ည(၁၁)နာရီဝန်းကျင်က တာမွေမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားပြီလို့ သိခဲ့ရပါတယ်။ဘဘဗိုလ်ကလေးတင့်အောင် ကွယ်လွန်သွားခဲ့ချိန်မှာ အသက်(၉၉)နှစ်ရှိပြီဖြစ်ပြီး မကွယ်လွန်ခင်အချိန်ထိ ဂီတ၊ ပြဇာတ်နဲ့

စာပေတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ဘဘဗိုလ်ကလေးတင့်အောင်က ဗမာ့လွတ်လပ်ရေးတပ်မတော်မှာ ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်တစ်သက်တာ

ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရတွေကိုလည်း ရရှိခဲ့တဲ့ စွယ်စုံရ စာရေးဆရာကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့တဲ့အတွက် နိုင်ငံတော်က စည်သူဘွဲ့ ချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။အသက်(၁၀၀)ပြည့် နေချင်ပါတယ်ဆိုတဲ့ စွယ်စုံရပညာရှင်ကြီး ဘဘဗိုလ်ကလေး

တင်အောင်က အသက်(၁၀၀)ထဲအရောက် ဘဝတစ်ပါးသို့ ကူးသွားသွားခဲ့ပါပြီ။ဘဘလို ပညာရှင်မျိုးကအစားထိုးမရတော့ပါဘူး။ဘဘက ရုပ်ရှင်၊စာပေ၊ဂီတ၊သဘင်၊အနုပညာ ဟင်းလေးအိုးကြီးဆိုရင်လည်း

မမှားပါဘူးနော်။ဘဘဗိုလ်ကလေးတင့်အောင် ကွယ်လွန်သွားခဲ့တဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ဘဘ ကောင်းရာဘုံဘဝမှာ ရောက်ရှိခံစားနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *