ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ mask မတပ်ဖို့နဲ့တပ်ပါက အရေးယူမယ်လို့ လိုက်လံကြေညာနေ

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ mask မတပ်ဖို့နဲ့တပ်ပါက အရေးယူမယ်လို့ SAC က လိုက်လံကြေညာနေ

ပရ်ိတ်သတ်ကြီးရေ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက မြို့နယ်အချို့မှာ SAC တပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို mask မတပ်ဖို့နဲ့ mask တပ်ပါက ဥပဒေနဲ့အညီ

အရေးယူသွားမယ်လို့ နိုဝင်ဘာလ (၂၁)ရက်နေ့မှာ လိုက်လံကြေညာနေခဲ့တာပဲ ဖြစ်ပါတယ်။SAC ကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက

ပြည်သူတွေကို လျှာထိုးဦး‌ထုပ်မဆောင်းရ၊ မျက်မှန်အမည်း မတပ်ရ၊(တကမ္ဘာလုံးက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကာကွယ်ရေးအတွက် mask

တပ်ဆင်ကြဖို့ တိုက်တွန်းထားသော်လည်း)mask မတပ်ဖို့နဲ့ mask တပ်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ရပ်ကွက်တွေအတွင်းမှာ လိုက်လံကြေညာ နေတာပါနော်။

အချို့မြို့နယ်တွေမှာ mask တပ်ပါက ဒဏ်ငွေ ၅၀,၀၀၀ အထိ ပေးဆောင်ရမယ်လို့လည်း ထည့်သွင်းကြေညာသွားတယ်လို့ သိရပါတယ်။ရန်ကုန်တိုင်း ဒေသကြီး

အတွင်းမှာသာမက မြန်မာနိုင်ငံအနှံ့က တိုင်းနဲ့ပြည်နယ်အချို့မှာလည်း mask မတပ်ဖို့ SAC ကကြေညာထားပါသေးတယ်။အခုလို ကိုဗစ်ရောဂါ ကူးစက်မှု

ပြန်လည်မြင့်တက်လာနေချိန်မှာ SAC ရဲ့ mask မတပ်ဖို့ ကြေညာချက်ကြောင့် ပြည်သူတွေအကြား ဝေဖန်မှု မြင့်တက်နေတာဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်ခံရမှာကိုလည်း

စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။စာဖတ် ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်ကူးယူပြီး ဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။စာဖတ် ပရိတ်သတ်ကြီးတို့အတွက်

ပြန်လည်ကူးယူပြီးဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *