မျက်စိနှစ်ဖက်လုံးခွဲထားရတဲ့ အမေ့ကိုခြေစခေါင်းဆုံးကိုယ်တိုင် အနီးကပ်ပြုစုပေးနေခဲ့တဲ့ဟန်လေး

မျက်စိနှစ်ဖက်လုံးခွဲထားရတဲ့ အမေ့ကို ခြေစခေါင်းဆုံးကိုယ်တိုင် အနီးကပ်ပြုစုပေးနေခဲ့တဲ့ ဟန်လေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဟန်လေးကတော့ လှပကျော့ရှင်းတဲ့ အလှကို ပိုင်ဆိုင်ထားပြီး စကားသံ ဝဲတဲတဲလေးနဲ့ ပရိတ်သတ်ကို ဆွဲဆောင်ထားနိုင်သူလေး

ဖြစ်တဲ့အပြင် Miss Universemyanmar (2015-2016) First Runner Up ဆုကိုလည်း ရရှိဖူးတဲ့သူ တစ်ယောက်ပါနော်။ပရိတ်သတ်တွေ အခိုင်အမာ

ရရှိထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး MTV များစွာကိုလည်း ရိုက်ကူးထားတဲ့ သူတစ်ယောက်ပါနော်။ပရိသတ်ကြီးရေ ဟန်လေးကတော့ အလှမယ်မော်ဒယ်လ်

သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။

ဟန်လေးကတော့ သူမရဲ့အနုပညာအလုပ်တွေနဲ့မအားလပ်ပေမဲ့လည်း မိဘအပေါ်မှာတော့ သိတတ်လိမ္မာလွန်းလှတဲ့ သမီးလိမ္မာလေး တစ်ယောက်ပါ။

လတ်တလောမှာလည်း ဟန်လေးက သူမရဲ့မိခင်ကြီးက မျက်စိနှစ်ဖက်လုံး ခွဲစိတ်ထားရတာကြောင့် ခေါင်းအစခြေအဆုံး ကိုယ်တိုင်ပြုစု လုပ်ကိုင်ပေးနေခဲ့တာပဲဖြစ်ပါတယ်။

ဟန်လေးကတော့ မိခင်ကြီးရဲ့ ဝေယျာဝစ္စတွေအကုန်လုံးကို ကိုယ်တိုင်လုပ်ကိုင် ပေးနေခဲ့တာဖြစ်ပြီး မိခင်ကြီးကို ပြုစုစောင့်ရှောက် ပေးနေရတာကိုလည်း ပင်ပန်းတယ်လို့ မထင်ဘဲ မိဘကို အခုအချိန်ထိ ကျွေးမွေးပြုစု

စောင့်ရှောက်ခွင့်ရနေသေးတာက ဘုရားပေးတဲ့ ကုသိုလ်ကံတွေကြောင့်လို့တောင် ကျေနပ်ပီတိဖြစ်နေခဲ့ပါသေးတယ်။”မေမေကို ခေါင်းအစ ခြေအဆုံး ဝေယျာဝစ္စတွေအကုန် ကိုယ်တိုင် လုပ်ပေးနေရတာတောင်

မညည်းညူဘဲ ကျေနပ်နေတဲ့ ဟန်လေးကတော့ တကယ်ကို သမီးလိမ္မာလေး ပီသလွန်းလှပါတယ်နော်။ပရိသတ်ကြီးရေ ဟန်လေးကတော့ မိဘကျေးဇူး

ဆပ်မကုန်နိုင်တာကြောင့် ရှိတုန်း တတ်နိုင်သလောက် အချိန်ပေးပြီး ပြုစုကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။Source:Nan Shwe Aye(Han Lay)

Add a Comment

Your email address will not be published. Required fields are marked *