မိတ်ကောင်းဆွေကောင်းများကို ရွယ်ချယ်တတ်စေဖို့ ပြောပြလာတဲ့ မအေးသောင်း

မိတ်ကောင်းဆွေကောင်းများကို ရွယ်ချယ်တတ်စေဖို့ ပြောပြလာတဲ့ မအေးသောင်း

မအေးသောင်းလို့ အများက ချစ်စနိုးခေါ်နေကြတဲ့သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ အမိုက်စားခန္ဓာကိုယ် ကောက်ကြောင်းနဲ့အတူ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောပဲ ဖြစ်ပါတယ်။

အေးသောင်းကတော့ အလှူအတန်းတွေမှာလဲ တတ်နိုင်တဲ့ဘက်ကနေပြီး ပါဝင်ကူညီလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။မင်းသမီးချော အေးဝတ်ရည်သောင်းဟာ လက်ရှိမြန်မာနိုင်ငံ အရေးမှာလည်း ဓမ္မဘက်ကရပ်တည်ပြီး ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေမှာ ပုဒ်မ(၅၀၅)နဲ့ တရားစွဲဆိုခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ မအေးသောင်းက အခု (၅၀၅) ပုဒ်မတွေဖြေလျှော့ပြီးချိန်မှာလည်း လုပ်ဆောင်မှုတွေ ရပ်နားမသွားပဲ ပြည်သူနဲ့အတူ ရှိနေဆဲပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း မအေးသောင်းက

မိတ်ဆွေကောင်းတွေ ရှိဖို့လိုအပ်ကြောင်းနဲ့ မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတုတွေကိုလည်း ရှောင်ရှားနိုင်ဖို့ သူမရဲ့ပရိသတ်တွေတွက် သတိပေးစကားဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။”လောကမှာ မိတ်ဆွေကောင်းဆိုတာ ရှိဖို့လိုပါတယ်။အဲဒီမိတ်ဆွေကောင်းအထဲမှာ မိတ်ဆွေ မဟုတ်ဘဲနဲ့ မိတ်ဆွေကောင်းလို့ ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက (၄)မျိုးရှိပါတယ်။

၁။ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်က ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီကချည်းပဲ တစ်ဖက်သတ်ရအောင် ယူတတ်ပါတယ်။ဟိုဟာလေး တောင်းမယ်။ဒီဟာလေး တောင်းမယ်။ဟိုဟာလေး ယူမယ်။ဒီဟာလေး ယူမယ်။အမြဲတမ်းရအောင် ယူတတ်ပါတယ်။တခါတရံလောက်ပဲ

ပေးရင်လည်း နည်းနည်းပါးပါးလေးပြန်ပေးပြီး၊အမြဲ ကိုယ့်ဆီကသာ များများရအောင် ယူသွားတတ်ပါတယ်။(အဲ့လို ပုဂ္ဂိုလ်မျိုးကတော့ Give and Take မှာကိုယ့်ဖက်ကချည်း အမြဲတမ်း Give၊သူဖက်ကတော့ အမြဲတမ်း Take နေတဲ့လူစားမျိုးပေါ့)

၂။ပေးရန် လက်မပါဘူး။အပြောသက်သက်သာ ရှိပါတယ်။ အပြောနဲ့ လောကွတ်လုပ်တဲ့ မိတ်ဆွေမျိုးပါ။သူက အတိတ်နဲ့ လောကွတ်လုပ်ပါတယ်။အနာဂတ်နဲ့ လည်း လောကွတ်လုပ်ပါတယ်။ဆိုပါစို့၊ အိမ်တစ်အိမ်သွားတယ်၊အိမ်ရှင်သူငယ်ချင်းက ဟာ.. သူငယ်ချင်းကွာ၊

မင်းနောက်ကျ လိုက်တာ၊ငါတို့ ကြက်သားချက်ထားတာ ငါတို့အားလုံး စားလို့ကုန်သွားပြီ။အခုတော့ ချဉ်ပေါင်ဟင်းပဲ ကျန်တော့တယ်ကွာ။(တကယ်ချက်ထားတာ မဟုတ်ဘူး)တစ်ခါတစ်ရံ ဟိုမနှစ်က အရာနဲ့တောင် ဧည့်ခံလိုက်သေးတယ်။“ဟိုမနှစ် ငါစီးပွားဖြစ်တုန်းက

မင်းကိုမျှော်လိုက်တာ၊မင်းကရောက်မလာဘူး။အခုတော့ ငါလည်း ဒုက္ခရောက်နေတယ်ကွာ။ကူညီချင်လိုက်တာ။(ဒါပေမယ့် ကိုယ်ကဝမ်းသာသွားတယ်၊သြော်…ဒီလူ ငါ့အပေါ် ကောင်းရှာသားပဲလို့ ထင်သွားတယ်)ကိုယ်ကတောင် ပြန်ပေးလိုက်ရသေးတယ်။

၃။ဘယ်တော့မဆို အကြိုက်ကို လိုက်ပြောတတ်တဲ့ မိတ်ဆွေ။ကောင်းတာပြောလည်း အေး..ဟုတ်တယ်၊မကောင်းတာပြောလည်း အေး..ဟုတ်တယ်၊စားကောင်း သောက်ကောင်းအောင် တစ်ဖက်သား အကြိုက်ကို လိုက်ပြောတာပါ။ဘယ်တော့ဖြစ်ဖြစ် ဖော်လို လိုက်ပြောပါတယ်။

မကောင်းမှုတွေ လုပ်နေတာမြင်လည်း ဟာ..ကောင်းတာပေါ့၊ဟုတ်တာပေါ့.. နဲ့၊အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ လူရှေ့ကျတော့ ချီးမွမ်းတတ်တယ်။သိပ်ကောင်းပြတတ်တယ်။မင်းသိပ်တော်တာပေါ့ ဘာညာနဲ့၊ဒီလူလည်း ထွက်သွားရော မေးငေါ့ပြီး၊အတင်းပြော ကျန်ခဲ့တယ်။

ရှေ့တင် ကောင်းတယ်။ကွယ်ရာကျတော့ အတင်းပြောတယ်။ ချဲ့ကားပြီးတောင် ဆိုတတ်သေးတယ်။မျက်နှာချင်းဆိုင်တွေ့ရင် ပြုံးပြပြီး ပိုက်ဆံချေးမယ်၊ကျောခိုင်းလိုက်တာနဲ့ နောက်ကျော ဒါးနဲ့ထိုးမယ့် လူစားမျိုးပေါ့။

၄။ပျက်စီးဖို့အတွက် အပေါင်းအသင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တဲ့။အချိန်ပြည့် သောက်စား၊မူးယစ်၊ပျော်ပါးမယ်၊ဆေး သုံးမယ်၊အချိန်မတော် အချိန်တော် ထွက်လည်ဖို့ခေါ်မယ်၊ သွားမယ်၊ လောင်းကစားလုပ်မယ်။ဘုရားသွား၊ ကျောင်းတက်ကျရင် မလိုက်ဘူး၊ခေါ်မရတော့ဘူး။

အဲဒီကိစ္စမျိုးမှာ လိုက်လျောတဲ့၊အဖေါ်ပြုတဲ့ မိတ်ဆွေမျိုးဟာ မိတ်ဆွေအစစ် မဟုတ်ပါဘူး။အဲဒီပုဂ္ဂိုလ်လေးမျိုးကို မိတ်ဆွေလို့တောင် မခေါ်ထိုက်ဘူး။အဲဒီလိုပုဂ္ဂိုလ်မျိုး ကိုယ်ကိုယ်တိုင်လည်း မဖြစ်သင့်ဘူး။ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်ထဲမှာလည်း ဒါမျိုးကို ၊မိတ်ဆွေအဖြစ်

မပေါင်းသင်းရဘူး။ဒါကြောင့် မိတ်ဆွေအပေါင်းကလည်း မိတ်ကောင်း ဆွေကောင်းကို ရွေးခြယ် ပေါင်းသင်းနိုင်ကြပါစေ။ကိုယ့်အတွက်တော့ ပညာအများကြီးရတဲ့ ကာလပါပဲ”ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့တာပါနော်။စာဖတ် ပရိတ်သတ်ကြီးတို့အတွက်

ပြန်လည်ကူးယူပြီးဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။ပရိသတ်ကြီးတို့အားလုံးလည်း စိတ်အေးချမ်းသာစွာနဲ့ သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်နော်။Source:Aye Thaung

Add a Comment

Your email address will not be published. Required fields are marked *