မိခင်ဖြစ်သူကို သူ့ရဲ့ရှေ့မှာ မငိုပါနဲ့လို့ ဝမ်းနည်းဖွယ်တောင်းဆိုခဲ့တဲ့ အဆိုတော် မူးလာ

မိခင်ဖြစ်သူကို သူ့ရဲ့ရှေ့မှာ မငိုပါနဲ့လို့ ဝမ်းနည်းဖွယ်တောင်းဆိုခဲ့တဲ့ အဆိုတော် မူးလာ

ပရိတ်ကြီးရေ Myanmar Idol Season 4 မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top-4 အထိတတ်လှမ်းနိုင်ခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ်မူးလာကိုတော့ မှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်နော်။

မူးလာက အသံပါဝါအား ကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ရော့ခ်အဆိုတော် တစ်ဦးလဲဖြစ်ပါတယ်။မူးလာက အမှန်တရား ဘက်တော်သားဖြစ်တာကြောင့် ဒီမိုကရေစီ

တိုက်ပွဲကို ပြည်သူတွေနဲ့အတူတူ တိုက်ပွဲဝင်လျှက်ရှိပါတယ်။လက်ရှိအချိန်မှာတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်ကို ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။

မိသားစုနဲ့ဝေးကွာပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မူးလာက တစ်ခါတလေ အိမ်ကိုအရမ်းလွမ်းနေကြောင်းကိုလည်း ရင်ဖွင့်ထားပါသေးတယ်။မူးလာရဲ့မိခင်ဖြစ်သူကလည်း သားဖြစ်သူကို လွမ်းလွန်းလို့

ဝမ်းနည်းမျက်ရည် ကျနေရတာပဲဖြစ်ပါတယ်။အဆိုတော် မူးလာက အနေအစားဆင်းရဲလွန်းတဲ့ လွတ်မြောက်နယ်မြေမှာ အဆင်ပြေသလို နေထိုင်ရပြီး တော်လှန်ရေးအတွက် ကြိုးစားနေတဲ့အကြောင်းနဲ့ လူတချို့

ထင်နေကြသလို မဟုတ်ကြောင်းကိုလည်း”သက်သောင့်သက်သာ သာယာနေလိမ့်မှာပဲလို့ သီချင်းဆိုရခြင်းကို ပျော်ရွှင်တဲ့လူအဖို့ သီချင်းဆိုဖို့ ကိုယ်ကိုယ်တိုင် နေရာဖန်တီး ဝါးခုတ်တွင်းတူး တိုင်စိုက် မြက်ပေါက်

ဘယ်တွေးဘူးမလဲဗျာ နိုင်ရာဝန်ထက်ပိုတဲ့ အားအင်များနဲ့ တော်လှန်ရေးကြီးအတွက် ကြိုစားလျက်ပါ တခါတလေတော့လည်း အိမ်ကိုအရမ်းလွမ်းတယ်ဗျာ”လို့လည်း သူ့ရဲ့ခံစားချက်တစ်ချို့ကို ရင်ဖွင့်ထားပါသေးတယ်။

ဒါ့အပြင်မူးလာရဲ့မိခင်ဖြစ်သူကတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ သားဖြစ်သူအတွက် စိုးရိမ်ပူပန်နေရတာကြောင့် မျက်ရည်ကျနေရတယ် ဆိုတဲ့အကြောင်းကို မူးလာက အခုလိုပဲ ရေးသားမျှဝေလာခဲ့တာပါ။

“သားရှေ့မှာ မငိုပါနဲ့လား အမေရယ်”လို့ ဝမ်းနည်းစွာနဲ့ ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။စာဖတ် ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်ကူးယူပြီးဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *