မတွေ့ရတာ(၈)လခန့် ကြာနေပြီးဖြစ်တဲ့ သူငယ်ချင်းနဲ့ ပြန်ဆုံတွေ့ရလို့ အရမ်းပျော်နေကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်

မတွေ့ရတာ(၈)လခန့် ကြာနေပြီးဖြစ်တဲ့ သူငယ်ချင်းနဲ့ ပြန်ဆုံတွေ့ရလို့ အရမ်းပျော်နေကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်

ပရိသတ်ကြီးရေ အကယ်ဒမီ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ကတော့ ညီအစ်မအရင်းတွေလို ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က

တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ ကူညီပေးကြတာဖြစ်ပါတယ်။ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့နှစ်ယောက်က အနုပညာအလုပ်တွေကိုလည်း အတူတူလက်တွဲ

လုပ်ကိုင်နေကြပြီး အကြံဉာဏ်တွေကို အပြန်အလှန်ဖလှယ်ကြတာဖြစ်ပါတယ်နော်။ပရိသတ်အချစ်တော်လေး သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့

အနုပညာအမွေတွေကို အပြည့်အဝဆက်ခံရရှိထားသူ တစ်ဦးပဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်ဝန်းရံ အားပေးမှုတွေကိုလည်း အခိုင်အမာ ရရှိထားသူလေး ဖြစ်ပါတယ်။

အာဏာသိမ်းမှု စတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ (၁)ရက်နေ့ကတည်းက ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ ဟာသသရုပ်ဆောင်၊ဒါရိုက်တာ ခင်လှိုင်တို့

မိသားစုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး မိသားစုတွေ တကွဲတပြား နေထိုင်ခဲ့ရတာပါ။ ဒီလိုတိမ်းရှောင်နေရတဲ့ အကျပ်အတည်း ကာလတွေမှာတောင်

သူတို့ထက်ပိုပြီးခက်ခဲတဲ့ ပြည်သူတွေရဲ့ ဘဝကိုစာနာပြီး မကြာခဏဆိုသလို အာဟာရဒါနတွေ လုပ်လေ့ရှိပါတယ်။မကြာသေးမီက စကစက လွတ်ငြိမ်းချမ်းသာခွင့်နဲ့

အမှုရုတ်သိမ်းပေးတဲ့အထဲမှာ သဇင်ထူးမြင့်လည်း ပါဝင်ခဲ့ပါတယ်။ယွန်းယွန်းကလည်း သူငယ်ချင်းဖြစ်သူ သဇင်ထူးမြင့်နဲ့ (၈)လကြာပြီးမှ ပြန်တွေ့ရလို့ အရမ်းဝမ်းသာ

နေတဲ့အကြောင်း သူမရဲ့ IG မှာ မျှဝေထားပါသေးတယ်။ဒါ့အပြင် သူမကိုချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း သူမအတွက် စာလေးတွေနဲ့ သီးသန့် ရေးပေးကြလို့

အရမ်းကိုပျော်နေတာ ဖြစ်ပါတယ်နော်။စာရှုသူ ပရိသတ်ကြီးတို့လည်း သဲလေးတို့ကို အရင်ကထက်ပိုပြီး အားပေးချစ်ခင်ပေးကြပါအုံးနော်။Source:Thazin Htoo Myint

Add a Comment

Your email address will not be published. Required fields are marked *