မကွေးတိုင်းဒေသကြီးစလင်းမြို့မစျေးကြီး မီ းလေ ာ င်နေ

မကွေးတိုင်းဒေသကြီး စလင်းမြို့မစျေးကြီး မီးလောင်နေ

ပရိတ်သတ်ကြီးတို့ရေ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ စျေးမရပ်ကွတ်၊ စလင်းမြို့မစျေးကြီးဟာ ဒီကနေ့ နိုဝင်ဘာလ (၂၃)ရက်နေ့၊ညနေ(၆)နာရီ (၂၀)မိနစ်

ဝန်းကျင်ခန့်တွင် မီးစတင် လောင်ကျွမ်းလျှက်ရှိကြောင်း စလင်းမြို့ဒေသခံများမှတဆင့် သိရှိရတာပဲ ဖြစ်ပါတယ်။ဒေသခံများကတော့ စျေးကြီး မီးလောင်ကျွမ်းရသည့်

အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဆိုင်ခန်းအများစုမှာလည်း မီးထဲပါနေကြောင်း ပြောဆိုနေကြတာပါ။မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကမူ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ ဈေးမရပ်ကွက်၊

မြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် စလင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ရေသယ်ယာဉ်များ၊မင်းဘူးခရိုင် မီးသတ်စခန်းမှ

မီးသတ်ယာဉ်၊ ဆင်ဖြူကျွန်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်၊ ပွင့်ဖြူမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်၊

ကုန်းဇောင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်တို့ စုပေါင်းပြီး ပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်လျှက်ရှိသည်ဟု သတင်း ထုတ်ပြန်ခဲ့တာလည်း

ဖြစ်ပါတယ်။စလင်းမြို့မစျေးကြိီး အမြန်ဆုံး မီးငြိမ်းပါစေလို့ ဆုတောင်းရင်း စျေးသူစျေးသားတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *