ဘာသာစကားမတူပေမဲ့လည်း အတူတူ ပျော်ရွှင်ရယ်မောပြီး နေလို့ရတယ်လို့ ဖွင့်ဟပြောပြလာခဲ့တဲ့ ကိုပေါက်

ဘာသာစကားမတူပေမဲ့လည်း အတူတူ ပျော်ရွှင်ရယ်မောပြီး နေလို့ရတယ်လို့ ဖွင့်ဟပြောပြလာခဲ့တဲ့ ကိုပေါက်

ဒါရိုက်တာ ကိုပေါက်ကတော့ ပြည်သူပရိသတ်တွေက လေးစားချစ်ခင်ရပြီး အားပေးရကျိုးနပ်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ကိုပေါက်ဟာ ဖေဖော်ဝါရီလ (၁)ရက်နေ့

နောက်ပိုင်းကနေ စတင်ပြီး ပြည်သူတွေနဲ့ ရင်ဘတ်ချင်းတူ နှလုံးသားချင်းတူညီစွာနဲ့ တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။လက်ရှိမှာတော့ ၅၀၅(က)ဖြင့် အမှုစွဲဆိုခံထားရပြီး

လွတ်မြောက်နယ်မြေမှာပဲ ဘဝကိုတန်ဖိုးရှိရှိ လျှောက်လှမ်းနေတာ တွေ့မြင်ရပါတယ်။ပြည်သူတွေရဲ့ အနာဂတ်အိမ်မက်တွေ ထွန်းလင်းတောက်ပစေဖို့အတွက် ချစ်ရတဲ့မိသားစုနဲ့ တန်ဖိုးရှိတဲ့ အရာအားလုံးကို စွန့်လွှတ်ထားခဲ့ရသူပါ။

လွတ်မြောက်နယ်မြေ ရောက်ရှိနေခဲ့တဲ့ အချိန်လေးတွေမှာလည်း အခက်အခဲ အဆင်မပြေတာတွေ ရှိနေပေမယ့်လည်း ပျော်ရွှင်စရာလေးတွေ ဖန်တီးပြီး ရည်မှန်းချက်တွေ ပြည့်ဝဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ယခုမှာလည်း လွတ်မြောက်နယ်မြေက အပြစ်ကင်းစင်တဲ့ ကလေးတွေနဲ့အတူ ရယ်မောပျော်ရွှင်နေတဲ့ ပုံရိပ်တချို့ကို ဖော်ပြထားခဲ့ပါတယ်။ကိုပေါက်ကလည်း လူသားအချင်းချင်း စာနာတတ်ပြီး ဖြူစင်တဲ့ နှလုံးသားနဲ့ပဲ

ကြည့်တတ်တဲ့သူပါ။အဲ့ဒီအကြောင်းကို “ကျနော့စကားကို သူတို့နားမလည်ကြဘူး။ကျနော်ကလည်း သူတို့စကားကို နားမလည်ပါဘူး။ဒါပေမယ့် ကျနော်တို့ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ဖြတ်သန်းလို့ရတာ ဘာကြောင့်လဲ….

လူကို လူလိုနားလည်ပေးပြီး သူ့ဘဝ ကိုယ့်ဘဝ သူ့အခြေအနေ ကိုယ့်အခြေအနေတွေကို မျက်စိနဲ့မကြည့်ဘဲ နှလုံးသားနဲ့ကြည့်တတ်ရင် အားလုံးအဆင်ပြေပါတယ်”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။

ဘာသာစကားချင်း နားမလည်တဲ့ ကလေးငယ်တွေနဲ့အတူ ရယ်မောပျော်ရွှင်စွာ ဖြတ်သန်းလို့ရနေတဲ့ အကြောင်းကို ရေးသားဝေမျှလာခဲ့တာပါ။အဓိပ္ပါယ်တွေနဲ့ ပြည့်နေတဲ့ ကိုပေါက်ရဲ့ တန်ဖိုးရှိလှတဲ့

စကားလုံးတွေကတော့ တကယ့်ကို မှတ်သားစရာလည်း ကောင်းလှပါတယ်နော်။ဖတ်ရှု့ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်ကြီးတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *