ဘာလက္ခဏာမှမပြတဲ့ သွေးလွန်တုပ်ကွေးအသစ် ကုသလို့မရနိုင်သေးလို့ သမီးလေးတယောက် ဆုံးရှုံးလိုက်ရတဲ့အဖြစ်

ဘာလက္ခဏာမှမပြတဲ့ သွေးလွန်တုပ်ကွေးအသစ် ကုသလို့မရနိုင်သေးလို့ သမီးလေးတယောက် ဆုံးရှုံးလိုက်ရတဲ့အဖြစ်

ပရိသတ်ကြီးတို့ရေ ခုရက်ပိုင်းမှာ ကလေးတွေ တော်တေည်များများ နေမကောင်းဖြစ်နေကြတာပါ။ရာသီအကူးအပြောင်းမှာ လူကြီးရော ကလေးပါမကျန် အမြဲဖြစ်တတ်တဲ့ တုပ်ကွေးကြောင့် ဖျားနာနေကြရတာပါ။အိမ်မှာ ကလေးငယ်ရှိရင်တော့ ပိုပြီးဂရုစိုက်ကြပါလို့ မှာချင်ပါတယ်နော်။

“သမီးလေးရယ် မနက်ဖြန်ဆို သမီးလေး ခန္ဓာမရှိတော့ဘူး တီတီက ပြင်ပေးရမှာ အမြဲတမ်းတီတီပဲ ပြင်တာကြိုက်တဲ့ သမီးလေး ခေါင်းလျှော်ပြီးရင်တောင် တီတီ Dryerမှုတ် ပုံသွင်းပေးမှ ကြိုက်တဲ့ သမီးလေး သမီးလေးက အစမ်းသပ်ခံ ဖြစ်သွားတာများလား

သွေးလွန်တုပ်ကွေးအသစ်တဲ့ ကုလို့မရနိုင်သေးဘူးတဲ့ ဒီနှစ်ပတ်အတွင်းကို ကလေးဆေးရုံမှာ တော်တော်ဖြစ်နေတာတဲ့လေ အတတ်နိုင်ဆုံး ကုသပေးပါမယ်ဆိုကတည်းက စိတ်ထဲထင့်နေတာ သူ့အဖေရော အတင်းမေးတာလည်း ကလေးဘေး အသင့်ရှိစေချင်နေလို့

အခြေအနေမကောင်းလို့ အသင့်ခေါ်ထားခိုင်းနေတာ ဖြစ်မယ်ဆိုတာပေါ့ သူ့အဖေက သွေးလှူရှင်တွေ ကြို၊ပို့လုပ်ပေးနေတယ်ပြောတော့ တခြားသူကို လုပ်ခိုင်းဖို့တောင်ပြောတာလေ နောက်ဆုံး သမီးလေးဆုံးတော့ ဆရာဝန်ကြီးက သူတို့ကုသမှုကို ကျေနပ်မှုမရှိရင် လိုအပ်ခဲ့တာရှိရင် အကြံပြုဖို့‌ပြောတယ် ပြောရရင်တော့

တိုင်လည်းရတယ်ဆိုတဲ့ သဘောမျိုးပေါ့နော် မလုပ်ပါဘူး ကိုယ်က ကိုရီးယားစီးရီး Hospital playlist ကြည့်ထားတော့ ဆရာဝန်တွေရဲ့အခက်အခဲတွေ နားလည်ပေးနိုင်ပါတယ် တစ်ခုပဲ သမီးလေးကို နမူနာယူပြီး

ကျန်ကလေးတွေကို ကောင်းအောင် ကုသပေးကြပါနော် တောင်းပန်ပါတယ်🙏အားလုံးပဲ ကလေးတွေကို ဂရုစိုက်ပေးကြပါရှင် ဘာလက္ခဏာမှ မပြခဲ့ပါဘူး ၄,၅,၆ရက်က Danger zone ပါတဲ့ ၇ရက်ပြည့်ရင် စိတ်ချရပါတယ်တဲ့လေ။ကလေးစဖျားတဲ့ညမှာ အိမ်မှာပဲ Progesic

တိုက်တယ် မသောက်ဘူး အကုန်အန်ထုတ်တယ် ခါတိုင်း ဗမာဆေး၊ အင်္ဂလိပ်ဆေး မကြောက်ဘဲ အကုန်သောက်တဲ့ကလေး။ဒုတိယနေ့ ဆေးခန်းတစ်ခုသွားတယ် အဖျား ၁၀၄ ဆရာမက ဗိုက်လည်းစမ်းတယ် ဆေးလည်းထိုးပေးတယ် ဆေး3ရက်စာပေးတယ် ထိုးပေးပြီး

နည်းနည်းသက်သာတယ် ဆေးတော့ ခါးလို့မသောက်ဘူးတဲ့ အန်တယ်။တတိယနေ့ ဆေးခန်းနောက်တစ်ခု ထပ်သွားတယ် အဖျား ၁၀၁ ဆေးပေးတယ် မသောက်ပြန်ဘူး။စတုတ္ထနေ့ ကိုယ်ပူတုန်းမို့ တစ်နေကုန် သူ့အဘိုးတစ်လှည့် ကိုယ်တစ်လှည့် ရေပတ်တင်ပေးတယ် သူ့အမေက

အလုပ်သွားနေရတယ် ပြန်လာမှ ခနနားပြီး ကလေးပုံမလန်းလို့ ညနေ၆နာရီမှ အသည်းအသန် ဆေးခန်းလိုက်ရှာပြီး နောက်ဆုံးပိတ်ခါနီး ဆေးခန်းတစ်ခုမှာ ပြလိုက်နိုင်တယ် ပင်လုံလမ်းမပေါ်မှာရှိတဲ့ ဆက်သွယ်ရေးမှတ်တိုင်က မြို့မဆေးခန်းပါ ကလေးကို တွေ့တွေ့ချင်း

Drမလေးက ပုံမှန်မဟုတ်ဘူး သွေးလန့်နေပြီ အသက်စိုးရိမ်ရတယ် ဆေးရုံချက်ချင်းသွားပါတဲ့ ကိုယ်တွေက ရန်ကင်းကလေးဆေးရုံသွားဖို့ပြောတော့ အနီးဆုံးကိုသာ အမြန်သွားပါဆိုလို့ ချော်တွင်းကုန်းက ပါရမီကလေးဆေးရုံကို သွားခဲ့ရပါတယ် Drမလေးက နေဦး လမ်းမှာ

တစ်ခုခုဖြစ်မှာ စိုးရိမ်ရလို့ Drip ချိတ်ပေးလိုက်မယ်တဲ့ Drip set ကုန်နေလို့ ကိုယ့်မှာ ပင်လုံလမ်းမတလျှောက် အရူးတစ်ယောက်လို ဆေးဆိုင်လိုက်ရှာပြီးဝယ်တာ ကားမတိုက်ရုံတမည်ပါပဲ Drမလေးက ကုသစရိတ်မယူခဲ့ပါဘူး ကိုယ်တွေတောင် သမီးလေးအတွက်

ကျေးဇူးတင်လွန်းလို့ Taxiပေါ်မှာ ပြောမိသေးတယ် သမီးလေးပြန်ကောင်းရင် အဲဒီ Drမလေးကို သွားကန်တော့ရမယ်နော်လို့ သူပြောမှ ဆိုးမှန်းသိလို့လေ ဆေးရုံရောက်တော့ Level 3တဲ့။ပဉ္စမနေ့ ရှော့4ခါဖြစ်ပြီး Level 4နဲ့ ညနေ4:15မှာ ဆုံးသွားခဲ့တယ် သမီးလေးက

တနင်္ဂနွေနေ့မွေးပြီး တနင်္ဂနွေနေ့မှာ ဆုံးသွားတာပါ သမီးလေးအတွက် နာရေးဘုတ်ထောင်တော့ ပထမ သူ့အဘိုးရေးတာ သူရေးလို့မရတော့ဘူးဆိုလို့ ကိုကိုယ်တိုင် သူ့အတွက် ဘုတ်မှာရေးလိုက်ရတယ် ရေးရင်း ဘယ်လောက်တောင် ရင်နာခဲ့ရလဲ ငိုရင်းရေး

ရေးရင်းငိုပါပဲ ချစ်သမီးလေးရယ် ဆရာစံဇာဏီဘိုက မွေးကတည်းက နာမည်မှည့်ပေးရင်း ဇာတာတွက်ပေးခဲ့တာ သမီးလေး ၇နှစ်မှာ သီလရှင်ဝတ်ခိုင်းတာကို ဝတ်မပေးခဲ့ရဘူး ငဗစ်ရှိနေလို့ ရည်ရွယ်ချက် ပျက်ခဲ့ရတယ် အမှန်ဆို မမရယ် မောင်လေးရယ်နဲ့ သမီးလေးကို

နားသပေးချင်ခဲ့တာပါ တီတီ့ရင်တွေကွဲနေပြီ သမီးရယ်💜ခုချိန်ထိ သွေးလှူပေးချင်လို့ ဖုန်းဆက်နေတဲ့ သူတွေရှိသေးတယ် သမီးလေးရယ် သမီးလေး ကံကောင်းပါတယ် မရှိတော့တာတောင် အလှူရှင်ရသေးတယ်နော် လှူပေးခဲ့တဲ့ အလှူရှင်တွေရော ရောက်ပြီးမှ မလှူလိုက်ရဘဲ

ပြန်သွားရတဲ့အလှူရှင်တွေရော လှူချင်လို့ ထပ်ဆက်သွယ်နေတဲ့ အလှူရှင်တွေရော အားလုံး အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်🙏အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ🙏🙏🙏ကလေးက နှစ်လ တစ်ခါလောက် ကိုယ်ပူ ဝမ်းချုပ်ဖြစ်တတ်လို့ပါ ခါတိုင်းလိုပဲ

ဖြစ်တယ်ထင်မိတာပါ ဝမ်းမှမသွားတာ ဝမ်းသွားအောင်ပဲ အရင်လုပ်နေမိတာ ဝမ်းသွားရင် အဖျားပျောက် နေပြန်ကောင်းတတ်လို့လေ အစာမဝင်တာက နေမကောင်းရင် ဖြစ်တတ်ကြတာမို့ပါ ကိုယ်တွေ လူကြီးတွေတောင် မစားချင်ကြဘူးလေ အန်တာက ဆေးခါးတယ်ပြောလို့ပါ

ခုက ဘာလက္ခဏာမှကို မပြတာပါ ကိုယ်တွေသိထားတာက သွေးလွန်တုတ်ကွေးဆို ကော်ဖီရောင်အန်မယ် ဝမ်းမည်းသွားမယ် နုံးမယ်ပဲသိထားတာလေ ခုကနုံးပေမဲ့ နေမကောင်းလို့ နုံးတယ်ပဲထင်တာပါ ဘာလက္ခဏာမှ မပြလို့လည်း ရှေ့ဆေးခန်းနှစ်ခုက မသိတာဖြစ်မှာပါ

ဆေးကတော့ အတင်းရုန်းကန်နေတဲ့ ကိုယ့်ကလေးကို အတင်းမတိုက်ရက်ခဲ့ဘူး ဆေးရုံမှာတောင် ဆရာမကြီးကိုယ်တိုင် ဆေးတိုက်မရလို့ လက်လျှော့ခဲ့ရတာပါရှင်”ဆိုပြီးတော့ စာရေးသူတစ်ဦးမှ ရေးသားမျှဝေ ပေးလာခဲ့တာ ဖြစ်ပါတယ်နော်။ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။C r d

Add a Comment

Your email address will not be published. Required fields are marked *