ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးလေးတွေလောက် သတ္တိမရှိလို့ တောင်းပန်လိုက်တဲ့ ဘုန်းဆက်သွင်

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးလေးတွေလောက် သတ္တိမရှိလို့ တောင်းပန်လိုက်တဲ့ ဘုန်းဆက်သွင်

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ MRTV-4 ရုပ်သံလိုင်းရဲ့ မြန်မာရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းကျင်ပြီးသားဖြစ်တဲ့

မင်းသားတစ်ယောက်ပါပဲနော်။သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်အားပေးဝန်းရံမှုကို ရရှိခဲ့သလို လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့

တစ်သားတည်းရှိနေပေးတဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်ဟာ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်သေးတာကို တွေ့မြင်ရပါတယ်။

ပုဒ်မ(၅၀၅-က)နဲ့ အမှုဖွင့် အရေးယူခံထားရဖူးတဲ့ ဘုန်းဆက်သွင်ဟာ လွတ်မြောက်ရာနေရာမှာ ရှောင်တိမ်းနေရင်း တော်လှန်ရေးကြီးမှာ တစ်စိတ်တစ်ပိုင်း

ပါဝင်လျှက်ရှိနေပါသေးတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၇)ရက်နေ့မှာတော့ ကလေးPDFက ဆေးတပ်သား အမျိုးသမီးလေးတွေ အဖမ်းဆိီးခံခဲ့ရတဲ့ သတင်းဟာ

ပြည်သူတွေကို တော်တော်လေး ဝမ်းနည်းစိတ်မကောင်း ဖြစ်စေခဲ့ပါတယ်။ဒါပေမယ့် ရန်သူလက်ထဲကို ရောက်ရှိသွားပေမယ့်လည်း တောက်ပတဲ့ မျက်လုံးအစုံနဲ့

ရဲရဲဝံ့ဝံ့ရှိနေကြတဲ့ အမျိုးသမီးလေးတွေကို ကြည့်ပြီး ဘုန်းဆက်သွင်က”ဒီအမျိုးသမီးလေးတွေလောက် သတ္တိမရှိလို့ တောင်းပန်ပါတယ် ဘေးကင်းကြပါစေ

ပြည်သူ့ရင်သွေး PDFတွေ”ဆိုပြီးတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်။သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ လူသိများတဲ့

အနုပညာရှင် တစ်ယောက်အနေနဲ့ သူလုပ်နိုင်တာ မှန်သမျှကို လုပ်ဆောင်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့

ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *