ပြည်ပကိုရောက်သွားပေမယ့်အထောက်အကူဖြစ်စေမယ့် အရာတွေကို လုပ်ဆောင်သွားမယ်ဆိုတဲ့မေဦး

ပြည်ပကိုရောက်သွားပေမယ့် တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကို လုပ်ဆောင်သွားမယ်ဆိုတဲ့ မေဦး

နိုင်ငံကျော် မိတ်ကပ်ပညာရှင်အဖြစ် အောင်မြင်မှုများစွာရရှိထားတဲ့ မိတ်ကပ်မေဦးကတော့ တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။၅၀၅(က)နဲ့ အမှုဖွင့် အရေးယူထားခြင်း ခံခဲ့ရတာကြောင့် လွတ်မြောက်နယ်မြေကို ရောက်နေတာ အားလုံးလည်း သိပြီးဖြစ်မှာပါ။

အခုအခါမှာတော့ မေဦးနဲ့ဟန်လင်းက New York မြို့ကို ရောက်ရှိသွားပြီပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းကို မေဦးက အခုလိုပဲရေးလာခဲ့တာပါ။”မေဦးနှင့်ဟန်လင်း ဒီဇင်ဘာ15 ရက်နေ့က အမေရိကန်နိုင်ငံ New York မြို့ကိုရောက်ခဲ့ပါတယ်။

ရောက်ရောက်ခြင်းမှာပဲ Omicron ရောဂါကူးဆက်ခြင်းခံရပြီး ၁၀ရက်လောက် stay home နေလိုက်ရပြီး တော်တော်လေးခံလိုက်ရသည့်အတွက် လုပ်စရာလေးတွေနဲ့ အသိပေးစရာလေးတွေ နောက်ကြခဲ့ပါတယ်။ဒီနေ့တော့မြန်မာ့နွေဦးတော်လှန်ရေးအတွက် အားသွန်ခွန်စိုက်

ကူညီပေးနေကြသော New York မြို့မှ နွေဦးတော်လှန်ရေး မိသားစုများ၊အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးအတွက် အထောက်အကူဖြစ်မည့် ကိစ္စများနှင့်ရ န်ပုံငွေပွဲတွေအတွက် တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။ထို့အပြင်မေဦးနဲ့ အမှတ်တရအဖြစ်

make up အပြင်ခံကြပြီး မေဦးလက်ထဲသို့ US dollar 800 ပေးခဲ့ပါသည်။ထိုငွေ 800နှင့် နောက်ပိုင်း American နိုင်ငံမှ မြန်မာလူမျိုးများနှင့် self make up class မှရရှိမည့် ငွေများကိုတော့ ကိုယ်ကျိုးအတွက် လုံးဝမသုံးပဲ တော်လှန်ရေးအတွက် ပို့ပေးသွားမည်ဟု ဆုံးဖြတ်ထားပါသည်။

1.2.2021 ရက်နေ့မှစလို့ ယနေ့အထိ ဖြစ်ပျက်ခဲ့သမျှ ကြုံခဲ့သမျှတွေ အများကြီးရှိခဲ့သလို(အကောင်းဆုံးဆိုတဲ့ အချိန်တစ်ခုရောက်လာလျှင် ပြန်ပြောပြဖို့ စာတွေရေးထားသလို မှတ်တမ်းများလည်းရှိပါသည်)။အမှန်တရားအတွက် ရွေးချယ်ဆုံးဖြတ်ခဲ့တာတွေ အများကြီးရှိသလို ရှေ့ဆက်ပြီးလုပ်စရာတွေ

ဖြတ်သန်းရင်ဆိုင်စရာတွေ အများကြီးရှိနေတာဖြစ်လို့ နွေဦးတော်လှန်ရေးအစကနေ ယခုအချိန်ထိ မေဦးတို့ရွေးချယ်ရပ်တည်ခဲ့တဲ့ လုပ်ရပ်တွေကို မှန်တယ်လို့အသိမှတ်ပြုပေး အားပေးခဲ့ကြတဲ့သူတွေရှိသလို

မေဦးတို့ ရွေးချယ်ခဲ့တာတွေ လက်လွှတ်ခဲ့ရတာတွေဟာ မလုံလောက်သေးဘူး မမှန်ဘူးလို့ ပြောကြမည့်သူ၊ထင်ကြေးပေးကြမည့်သူ၊ဆဲရေးတိုင်းထွားကြမည့်သူတွေကိုတော့ ပြန်ဖြေရှင်းဖို့မရှိပါကြောင်း

အသိပေးချင်ပါတယ်”ဆိုပြီးတော့ရေးသားလာခဲ့တာပါ။မေဦးရဲ့ပြတ်သားတဲ့ စိတ်သဘောထားတွေကို ပရိသတ်တွေကလည်း ချီးကျူးနေကြတာပါနော်။C r d

Add a Comment

Your email address will not be published. Required fields are marked *