“ပိုချစ်တဲ့သူ ကိုယ်ဖြစ်မယ်လို့ ထင်ခဲ့တာ မှားသွားမှန်း အရာရာနောက်ကျပြီးမှ သိခဲ့ရတယ်”လို့ပြောပြလာတဲ့ ငွေတီဦး

“ပိုချစ်တဲ့သူ ကိုယ်ဖြစ်မယ်လို့ ထင်ခဲ့တာ မှားသွားမှန်း အရာရာနောက်ကျပြီးမှ သိခဲ့ရတယ်”လို့ပြောပြလာတဲ့ ငွေတီဦး

သရုပ်ဆောင် ပြေတီဦးရဲ့ညီမဖြစ်သူ ငွေတီဦးကတော့ ကျေးဇူးရှင် ဖေဖေကိုရော ချစ်ရတဲ့ ခင်ပွန်းသည်ကိုရော အချိန်ခဏလေးအတွင်းမှာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ငွေတီဦးက (၁၀)နှစ်ကြာ ချစ်ခင်ယုယစွာ အမြဲသည်းခံ

ချစ်ပေးခဲ့တဲ့ ခင်ပွန်းသည်ကို သတိရတမ်းတနေလျက်ရှိပြီး ခင်ပွန်းဖြစ်သူနဲ့ အမှတ်တရတွေကို အမြဲတမ်းရင်ဖွင့် တမ်းတလွမ်းဆွတ် နေရသူလေးပါ။”လွမ်းပြီး ခံစားကျန်ရစ်ခဲ့မှာကို မမြင်ရက်တော့လောက်အောင် သူ့ကို

အရင်ပေးသွားချင်မိခဲ့တဲ့ ကိုယ်က ပိုချစ်ခဲ့တာလား..??ကိုယ်ဝေဒနာခံစားရမှာ မဖြစ်စေချင်လို့ သူတစ်ယောက်ပဲ နာကြဉ်နေတဲ့ကြားက ကျေနပ်တယ် ပျော်တယ်ဆ်ိုတဲ့ သူက ပိုချစ်ခဲ့တာလား..??တစ်ချို့သူတွေလဲ ကျွန်မလိုပဲ

တွေးမိကြမှာပါ..အရင်ထွက်သွားခွင့် ရတဲ့သူက ကိုယ်ပဲဖြစ်ချင်တယ်ဆိုတာမျိုး..ကျွန်မလေ ကျန်ခဲ့ရမှာကို သေမှာထက် သိပ်ကြောက်တာ..အရင်သေသွားတာ ကိုယ်ပဲဖြစ်ခွင့်ရချင်တာ..ဒါပေမယ့် ဆေးရုံပတ်လမ်းမှာ

လမ်းလျှောက်နေရင်း ရုတ်တရက် ခံစားချက်တစ်ခု ဝင်လာတယ်..ကျန်ခဲ့ရတဲ့ နာကြဉ်မှုကို သူ့ကို မခံစားစေချင်တော့ပဲ လွတ်မြောက်ငြိမ်းအေးသွားတာ သူဖြစ်လဲ ကောင်းတာပါပဲလေ ဆိုတဲ့ခံစားချက်..ကျန်ခဲ့ရင်

အစစအရာရာ အဆင်မပြေမှာ စိုးတဲ့အထိ စိတ်မချတဲ့ ခံစားချက်..ချန်ထားရစ်ခံရမယ့် နေရာကို ရင်နာနာနဲ့ ကြည်ဖြူစွာ ခံယူလိုက်ချင်တဲ့ ခံစားချက် ကိုယ်သိပ်ကြောက်တဲ့ ကျန်ခဲ့ရမယ့်ဝေဒနာကို သူမခံစားရပါစေနဲ့

ဆိုတဲ့စိတ်က ရုတ်တရက် ဝင်လာတာ..အတ္တကို ခွာချမှ မြင်ရမယ့် မေတ္တာနဲ့ နွယ်တဲ့ အချစ်မျိုးကို ရုတ်တရက်ခံစားခဲ့ရတယ်..နာကြဉ်မှုတွေကနေ သူလွတ်မြောက်သွားပါစေ..ဒီ့ထက် ပိုအေးချမ်းမယ့်ဘဝမှာ

ပိုပြီး ကျန်းမာသန်စွမ်းမယ့် ခန္ဓာကိုယ်နဲ့ အသစ်တဖန် ပြန်စနိုင်ပါစေ..ကိုယ့်ထက်ပိုချစ်နိုင်မယ့်သူနဲ့ ဆုံပါစေ..ပိုချစ်တဲ့သူ ကိုယ်ဖြစ်မယ်လို့ထင်ခဲ့တာ မှားသွားမှန်း အရာရာနောက်ကျပြီးမှ သိခဲ့ရတယ်..”ကို က ပိုချစ်တာ”လို့

သူအမြဲပြောတုန်းက ကိုယ်က သိပ်မယုံခဲ့မိဘူး..ကိုယ်နဲ့သူနဲ့ အကြောင်း သိခဲ့သူတွေ အထူးသဖြင့် အမေပေါ့လေ..”သူက သမီးကို ပိုချစ်တာ”တဲ့..သူငယ်ချင်းတွေက”ငွေတီရယ်..သူပိုချစ်တာ ငါတို့တောင် သိတယ်တဲ့”

သူတို့ပြောမှ တဖြေးဖြေး လက်ခံလာတယ်..နိုဝင်ဘာကို နှုတ်ဆက်ရတော့မယ်..ကိုရယ်..အမှတ်ရစရာတွေ အရမ်းများတဲ့ နိုဝင်ဘာ..၁၁.၁၁.၁၁ မှာလက်မှတ်ထိုးတယ်..နိုဝင်ဘာမှာ Pre Wedding တွေရိုက်တယ်..

၂၀၁၆ နိုဝင်ဘာမှာ Mediacorp နဲ့ Collaboration လုပ်ပီး ပွဲတွေ လုပ်တယ်…ဒီနေ့၂၉ နိုဝင်ဘာ ၂၀၁၆ မှာအိမ်စဆောက်ဖို့ ပန္နက်တင် မြေသန့်မင်္ဂလာ လုပ်တယ်..ဒီနိုဝင်ဘာမှာပဲ ကိုက ထားခဲ့တယ်..Anniversary

မှီအောင်များ ဒီရောဂါဆိုးကို ၄ လလောက် တောင့်ခံနေခဲ့တာလား..ဒေါသစိတ်နည်းပီး သီးခံစိတ်ရှည်တတ်တဲ့ ကို့အကျင့်ကြောင့် တခါမှ ကြီးကြီးမားမား ရန်မဖြစ်ခဲ့ဘူးသလို..ချစ်က စိတ်ဆိုးလို့ စကားမာမာ ပြောမိရင်တောင်

စိတ်မဆိုးဘဲ..ညရောက်တာနဲ့ လက်မောင်းပေါ် ခေါင်းကို အတင်းဆွဲတင်ပီး ကျောကို ပုတ်သိပ်ခဲ့တာ..အရာရာဟာ ပြန်စဉ်းစားကြည့်ရင် ကျေနပ်စရာ လွမ်းစရာတွေကြီးပဲ..လူ့ဘဝကို ခနလာလည်တဲ့ ကိုနဲ့ ဆုံခွင့်ရခဲ့တာ

အချိန်အတိုင်းအတာအရ နည်းတယ်ဆိုပေမယ့် တစ်ယောက်ကို တစ်ယောက် အကောင်းဆုံး ဖြည့်စည်းပေးဆပ်ခွင့်ရခဲ့တာ အကောင်းဆုံးဆုလာဘ်ပဲ..တစ်ယောက်ကို တစ်ယောက် ဒဏ်ရာတွေ

မပေးခဲ့ကြတာ..တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် ဖြည့်စည်းပီး အပြစ်အနာအဆာတွေကို ခွင့်လွှတ်ခဲ့ကြတာ..ရခဲ့ဘူးတဲ့ ချိုမြိန်တဲ့အတိတ်ကို ရင်ထဲမှာမြှုပ်နှံပီး ရခဲ့သလောက်ကို ကျေနပ်ရောင့်ရဲတဲ့စိတ်ကို

မွေးမြူပီး အတတ်နိုင်ဆုံး ဘဝကို ရှေ့ဆက်သွားမယ်နော်..သတိရသေးရင် အိမ်မက်ထဲမှာ ဆုံကြတာပေါ့”ဆိုပြီးတော့ လွမ်းဆွတ်တမ်းတစွာ ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်နော်။

ပရိသတ်ကြီးတို့အားလုံးလည်း ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။C r d

Add a Comment

Your email address will not be published. Required fields are marked *