ပရိတ်သတ်တွေနဲ့ ကင်းကွာသွားတဲ့ အချိန်အတွင်း အဆိုတော် လေးဖြူရဲ့ လက်ရှိပုံရိပ်လေးများ

ပရိတ်သတ်တွေနဲ့ ကင်းကွာသွားတဲ့ အချိန်အတွင်း အဆိုတော် လေးဖြူရဲ့ လက်ရှိပုံရိပ်များ

ပရိတ်သတ်ကြီးရေ အဆိုတော် လေးဖြူကတော့ အသံပါဝါအားကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကြောင့် တနိုင်ငံလုံးရှိ ပရိတ်သတ် တော်တော်များများရဲ့

အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ပါ။သူပါဝင်တဲ့ “Iron Cross” band ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်ကတည်းကနေ

အခုအချိန်အထိ ပရိသတ်တော်တော်များများရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။နာမည်ကျော် ရော့ခ်အဆိုတော် တစ်ဦးဖြစ်သည့် အငဲရဲ့

အစ်ကိုရင်းဖြစ်တဲ့ လေးဖြူကတော့ Iron Cross Band နှင့်အတူ စင်မြင့်ဖျော်ဖြေပွဲများစွာ သီဆိုလာခဲ့သူ တစ်ဦးဖြစ်ပါတယ်။Iron Cross ရဲ့ ပင်တိုင်အဆိုရှင် တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ သီချင်းတွေအားလုံးဟာ

လူငယ်၊ လူကြီးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ခေတ်တစ်ခေတ်မှာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ထိကို ရောက်ရှိခဲ့ပါတယ်။ အဆိုတော်ကြီးတွေလို့ တင်စားရလောက်အောင် ဂီတနယ်ပယ်မှာ ဝါရင့်အဆိုတော်တွေအဖြစ်

အသိအမှတ်ပြုထားရတာလည်း ဖြစ်ပါတယ်။အဆိုတော် လေးဖြူကတော့ များသောအားဖြင့် လူငယ်ပရိတ်သတ်တွေ ကြိုက်နှစ်သက်ကျတဲ့ Rock ဂီတအမျိုးအစားတွေကို သီဆိုလေ့ရှိပြီး အထူးသဖြင့် ယောက်ျားလေး

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ ပရိသတ်တွေ မမြင်တွေ့ရတာ ကြာနေပြီဖြစ်တဲ့ အဆိုတော် လေးဖြူရဲ့ ပုံရိပ်တချို့ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

လေးဖြူက အသက်အရွယ်တစ်ခု ရောက်နေပေမဲ့လည်း သူရဲ့သီချင်းလေးတွေကတော့ ပရိတ်သတ်ရဲ့ ရင်ထဲမှာ အမြဲနုပျိုလတ်ဆတ်နေဆဲပါ။Rock အဆိုတော်ကြီး လေးဖြူရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျ

ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။ပျော်ရွှင်စရာ နေ့လေးဖြစ်ပါစေ ပရိတ်သတ်ကြီးတို့ရေ။C r d

Add a Comment

Your email address will not be published. Required fields are marked *