ပထမဦးဆုံးရင်သွေးလေးက မိခင်ဖြစ်သူရဲ့ ဗိုက်ထဲမှာပဲ ဆုံးရှုံးလိုက်ရတဲ့အကြောင်းကို ဝမ်းနည်းစွာ ပြောပြလာတဲ့ ဘုန်းလျှံ

ပထမဦးဆုံးရင်သွေးလေးက မိခင်ဖြစ်သူရဲ့ ဗိုက်ထဲမှာပဲ ဆုံးရှုံးလိုက်ရတဲ့အကြောင်းကို ဝမ်းနည်းစွာ ပြောပြလာတဲ့ ဘုန်းလျှံ

ပရိသတ်ကြီးတို့ရေ တစ်ချိန်က ဗီဒီယိုခေတ်မှာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် မင်းသားချော ဘုန်းလျှံကတော့ ထောင်ကထွက်လာပြီး နောက်ပိုင်းမှာ

ကို့ကိုယ်ကို အကောင်းဆုံး ပြင်ဆင်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဘဲ ဖြစ်ပါတယ်နော်။ဒါအပြင် ဘုန်းလျှံကငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ ငယ်ချစ်ဦးနဲ့

တရားဝင်လက်ထပ်ခဲ့ပြီးတော့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။မကြာသေးမီကာလက သရုပ်ဆောင် ဘုန်းလျှံက ပထမဦးဆုံး ရင်သွေးလေး

ရှိနေပြီဆိုတဲ့အကြောင့်ကို ဝမ်းသာစွာနဲ့ မျှဝေပြောပြလာခဲ့တာပါ။ဒီကနေ့မှာတော့ ကံမကောင်းစွာနဲ့ပဲ ပထမဦးဆုံး ရင်သွေးလေးက မိခင်ဖြစ်သူရဲ့ ဗိုက်ထဲမှာဘဲ

ပျက်ကျသွားခဲ့တဲ့ အကြောင်းကို ဘုန်းလျှံက ဝမ်းနည်းစွာနဲ့ သူရဲ့လူမှုကွန်ယက် စာမျက်နှာမှာ အခုလိုပဲ ပြောပြလာခဲ့တာ ဖြစ်ပါတယ်။”ကလေးရဖို့ ကံမပါသေးလို့ပဲ

မှတ်လိုက်ပါမယ်.😢အချိန်တန်ရင်😢😢 ကိုယ်တွေနဲ့ ကံပါတဲ့ ခလေးလာမှာပါ မိန်းမရယ်..လောလောဆယ် တနှစ်လောက် မိန်းမ အားရှိအောင် နေကောင်းအောင်ပဲ

နေပါ..ယောကျာ်း ခလေး အရမ်းလိုချင်ပေမဲ့ မိန်းမဘေးနားမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိဖို့က ပိုအရေးကြီးဆုံးပါ..တခြားဟာတွေ မရှိလို့ ရတယ်..❤️

မိန်းမ မရှိလို့ မဖြစ်ဘူးနော်❤️❤️I love u so much my wife❤️”ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်နော်။ပရိသတ်ကြီးတို့အားလုံးလည်း

ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *