နှလုံးသွေးကြောတစ်ချောင်း ကျဉ်းနေတာကြောင့် အောင်မြင်စွာနဲ့ stentထည့်၍ ချဲ့ပြီးသွားပြီဖြစ်တဲ့ ဖားအောက်တောရဆရာတော်ကြီး

နှလုံးသွေးကြောတစ်ချောင်း ကျဉ်းနေတာကြောင့် အောင်မြင်စွာနဲ့ stentထည့်၍ ချဲ့ပြီးသွားပြီဖြစ်တဲ့ ဖားအောက်တောရဆရာတော်ကြီး

ပရိတ်သတ်ကြီးတို့ရေ မန္တလေးတိုင် ပြင်ဦးလွင်မြို့နယ်မှာ သီတင်းသုံးနေထိုင်တော်မူတဲ့ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ အာစိဏ္ဏဟာ

ကမာရွတ်မြို့နယ်ရှိ ဂရန်းဒ်ဟံသာ အင်တာနေရှင်နယ် ဆေးရုံကြီးမှာ ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ရပါတယ်။ဆရာတော်ကြီးဟာ ကိုဗစ်ရောဂါ မဖြစ်ပွားခင်

အချိန်ထဲက ပြင်ဦးလွင်မြို့နယ်မှာ သီတင်းသုံးနေတော်မူတာဖြစ်ပြီးကျန်းမာရေး စစ်ဆေးမှု ခံယူခြင်းမရှိတာ အချိန်အနည်းငယ် ကြာနေပြီဖြစ်တာကြောင့်

အခုလို စစ်ဆေးမှုခံယူခြင်း ဖြစ်ပါတယ်။နိုဝင်ဘာလ (၁၆)ရက်နေ့မှာတော့ ဆရာတော်ကြီးဟာ အသက်ရှူ အနည်းငယ်ကြပ်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရပါတယ်။

စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။ကျန်းမာရေး စစ်ဆေးမှုအပြီးမှာတော့ ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏ နှလုံးသွေးကြော

တစ်ချောင်းဟာ ကျဉ်းနေတာတွေ့ရှိခဲ့ရပါတယ်။ယခုအခါမှာတော့ အောင်မြင်စွာနဲ့ stent တစ်ချောင်းထည့်၍ ချဲ့ပြီးသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

ဆရာတော်ကြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း သိရှိရပါတယ်။ဖားအောက်တောရ ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်စေဖို့အတွက်

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာရှိတဲ့ မဟာဝိဟာရကျောင်းတိုက်က သံဃာတော်အရှင်သူမြတ် အပါး(၄၅၀)ကျော်တို့ကလည်း ဗောဇ္ဈင်သုတ်နှင့် ရတနသုတ်တော်တို့ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါသေးတယ်။ Photo-PaAukTawYaCommunity

Add a Comment

Your email address will not be published. Required fields are marked *