နောက်နေ့ကစပြီး MYANMAR PLAZA ကိုသွားတဲ့လူတွေ ဒလန်ပဲလို့ ပြောလာတဲ့ Rဇာနည်

နောက်နေ့ကစပြီး MYANMAR PLAZA ကိုသွားတဲ့လူတွေ ဒလန်ပဲလို့ ပြောလာတဲ့ Rဇာနည်

အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကြောင့် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်နေတဲ့ အဆိုတော် Rဇာနည်ကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်း

ရပ်တည်နေသူပဲ ဖြစ်ပါတယ်။အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ ဖေဖော်ဝါရီလအစတည်းက လမ်းပေါ်ထွက်ကာ

လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သူပဲ ဖြစ်ပါတယ်။။အဆိုတော် Rဇာနည်ကတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်မှုတွေကြောင့် (၅၀၅ က)ဖြင့် အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိမှာတော့

ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်နေတဲ့ Rဇာနည်ကတော့ Public Voice TV အစီအစဉ်တွေမှာလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ မြန်မာပလာဇာဈေးဝယ်စင်တာမှာ မနေ့က နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်ခဲ့တဲ့ လူငယ်တချို့ကို ပလာဇာမှာ တာဝန်ကျတဲ့

လုံခြုံရေးတချို့က ဖမ်းဆီးခဲ့ပါတယ်။ဒီလို လုံခြုံရေးတွေရဲ့ဖမ်းဆီးမှုကြောင့် ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ် (၇)ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အေးဆေးစွာ ဆန္ဒပြနေတဲ့ လူငယ်တွေ

အကြမ်းဖက်ခံရပြီး မိန်းကလေးတွေ အဖမ်းခံလိုက်ရတဲ့ အကြမ်းဖက်တဲ့လုပ်ရပ်ကို ပြည်သူများ သည်းမခံနိုင်ဖြစ်နေကြရပါတယ်။ပြည်သူ့ဝယ်လိုအားနဲ့ ရပ်တည်နေပြီး ပြည်သူ့သဘောထားကို မထီမဲ့မြင်ပြုတဲ့

Myanmar Plaza ကို Boycott လုပ်နေကြပါပြီ။”ခဏပါကွာ ပြီးရင် မေ့သွားမှာပါ”ဆိုတဲ့ ပိုင်ရှင်တာဝန်ရှိသူတွေ မှတ်လောက်အောင် ပြည်သူများအားလုံးအနေနဲ့ ဝိုင်းဝန်းပေးကြဖို့ ပြည်သူများက တိုက်တွန်းနေကြတာပဲဖြစ်ပါတယ်။

ဒီကနေ့မြန်မာပလာဇာအတွင်းမှာ ဖြစ်သွားတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး Rဇာနည်ဟာ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ခံပြင်းစွာနဲ့ ရေးသားလာခဲ့ပါတယ်။”နောက်နေ့၊နောက်နေ့တွေ အဲ့သွားတဲ့လူကတော့

ဒလံပဲ ဝယ်စရာနေရာတွေ အများကြီးရှိတယ် 😡 ဟားဟား 😂😂 စတာပါ တကယ်ပြောတာပါ”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။စာဖတ်ပရိတ်သတ်ကြီးတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။C r d

Add a Comment

Your email address will not be published. Required fields are marked *