ဒူဘိုင်းမှာ သာသာယာယာ အတူလျှောက်လည်နေကြတဲ့ အေးနေဝင်းနဲ့ ရွှေအိမ်စည်

ဒူဘိုင်းမှာ သာသာယာယာ အတူလျှောက်လည်နေကြတဲ့ အေးနေဝင်းနဲ့ ရွှေအိမ်စည်

ပရိသတ်ကြီးရေ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ အေးနေဝင်းသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉) ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ

လေဆိပ်မှ ဒူဘိုင်းမြို့သို့ ထွက်ခွာသွားချိန်တွင် လေဆိပ်၌ ဝှီးချဲဖြင့် ထွက်သွားသည်ကို တွေ့မြင်ခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၀)ရက်နေ့မှာတော့ ဒူဘိုင်းဟိုတယ်တွင်

လမ်းပတ်လျှောက်နေသည့် ဗီဒီယိုဖိုင် တက်လာခဲ့တာကို တွေ့ရပါတယ်။ယခုအခါမှာလည်း ဒူဘိုင်းမှာ အေးနေဝင်းနဲ့ မော်ဒယ်ရွှေအိမ်စည်တို့ အတူလျှောက်လည်နေကြတဲ့

လျှပ်တပျက်ပုံတွေ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တာပဲ ဖြစ်ပါတယ်။မြန်မာပြည်မှာ ပြည်သူတွေဟာ စစ်ဘေး၊ ရောဂါကပ်ဘေး၊ သဘာဝဘေးအန္တရာယ်

ဘေးအမျိုးမျိုးနဲ့ ရင်ဆိုင်ပြီး နည်းမျိုးစုံနဲ့ ဒုက္ခရောက်နေချိန်မှာ အေးနေဝင်းနဲ့ ရွှေအိမ်စည်ကတော့ နိုင်ငံရပ်ခြားမှာ သာသာယာယာ အနားယူနေတာပဲ ဖြစ်ပါတယ်။

Miss Supranational Myanmar 2018 Winner အလှမယ် တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ အေးနေဝင်းနဲ့ ချစ်ကြိုက်နေခဲ့ကြတာကို ပရိတ်သတ်တွေ

သိရှိပြီးသားဖြစ်မှာပါ။အေးနေဝင်းဟာ မက်လောက်စရာ ရုပ်ရည်မျိုး လုံးဝမရှိပေမယ့် ငွေကြေးဥစ္စာက ပြီးပြည့်စုံတာမို့ ရွှေအိမ်စည်ဟာ ချစ်သူအဖြစ် ရွေးချယ်ထားတယ်

ဆိုပြီးတော့လည်း ဝေဖန်မှုတွေ ရှိနေပါသေးတယ်နော်။ရွှေအိမ်စည်က (၂၀၂၀)ခုနှစ်ကပဲ အေးနေဝင်းနဲ့ လမ်းခွဲခဲ့တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပြီး

ရွှေအိမ်စည်က အခုအခါမှာတော့ အေးနေဝင်းသွားတဲ့ ဒူဘိုင်းကို အတူတူရောက်ရှိနေတာဖြစ်ပြီး နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် လည်ပတ်နေကြတာကို တွေ့မြင်ရတာပဲဖြစ်ပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *