ဒီကနေ့ နိုဝင်ဘာ (၂၅)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး (၁၈)မြို့နယ်မှာ ယာယီဓာတ်အား ပြတ်တောက်မည်

ဒီကနေ့ နိုဝင်ဘာ (၂၅)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး (၁၈)မြို့နယ်မှာ ယာယီဓာတ်အား ပြတ်တောက်မည်

ပရိသတ်ကြီးရေ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၁၈)မြို့နယ်မှာ နိုဝင်ဘာလ (၂၅)ရက် ကြာသာပတေးနေ့ မနက်ပိုင်းမှာ လျှပ်စစ်ဓာတ်အား

ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေး ထုတ်ပြန်ထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနဲ့

ထိစပ်နေတဲ့ သစ်ပင်များ၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်း အသစ်များ တည်ဆောက်ခြင်း လုပ်ငန်းတွေကို မနက်(၉)နာရီမှ (၁၂)နာရီအထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

“မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း”၊”ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း

ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းလုပ်ငန်းကို (၂၅.၁၁.၂၀၂၁)ရက်နေ့၊(ကြာသပတေးနေ့)တွင် (၀၉:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အတွင်း လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတ၊ ပုဇွန်တောင်

ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လသာ၊ ကမာရွတ်၊ လမ်းမတော်၊ ဒဂုံ၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ အလုံ၊ သန်လျင်၊ ထောက်ကြန့်၊ လှည်းကူး၊ ထန်းတပင် မြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု

ရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မီးသုံးသူ ပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်”

ဆိုပြီးတော့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဖော်ပြထားတာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။C r d

Add a Comment

Your email address will not be published. Required fields are marked *