တောထဲမှာ ခိုက်ခိုက်တုန်အောင် အေးလွန်းလှတယ်လို့ ပြောလာခဲ့တဲ့ အဆိုတော် မူးလာ

တောထဲမှာ ခိုက်ခိုက်တုန်အောင် အေးလွန်းလှတယ်လို့ ပြောလာခဲ့တဲ့ အဆိုတော် မူးလာ

ပရိတ်ကြီးရေ Myanmar Idol Season-4 မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top-4 အထိတတ်လှမ်းနိုင်ခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ်မူးလာကိုတော့ မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

မူးလာက အသံပါဝါအား ကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ရော့ခ်အဆိုတော် တစ်ဦးလဲဖြစ်ပါတယ်။မူးလာက ဆံပင်ရှည်ရှည်လေးနဲ့ မိန်းကလေးပရိသတ်တွေကို

ဆွဲဆောင်နိုင်လွန်းသူ တစ်ဦးလဲဖြစ်ပါတယ်နော်။ မူးလာဟာ လက်ရှိအချိန်မှာတော့ ခက်ခဲကြမ်းတမ်းလွန်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ ကျရာတာဝန်ကို ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။

မူးလာက အမှန်တရား ဘက်တော်သားဖြစ်တာကြောင့် ဒီမိုကရေစီတိုက်ပွဲကို ပြည်သူတွေနဲ့အတူတူ တိုက်ပွဲဝင်လျှက်ရှိပါတယ်။မိသားစုနဲ့ ဝေးကွာပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မူးလာက တစ်ခါတလေ အိမ်ကို

အရမ်းလွမ်းနေကြောင်းကိုလည်း ရင်ဖွင့်ထားပါသေးတယ်။ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းခဲ့တာဆိုရင်တော့ ဆယ်လကျော်နီးပါးကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အာဏာသိမ်းတာကို

လက်မခံတဲ့ ပြည်သူအချို့နဲ့ အနုပညာရှင်တွေဟာဆိုရင် လွတ်မြောက်နယ်မြေမှာ ခိုလှုံရင်း တော်လှန်ဖို့ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။အစားအသောက်၊အနေအထိုင်ခက်ခဲကြမ်းတမ်းလွန်းတဲ့ လွတ်မြောက်နယ်မြေကတော့

လူတိုင်းအတွက် အဆင်ပြေချောမွေ့ကြလိမ့်မယ် မထင်ပါတယ်နော်။အခုဆိုရင် ဒီဇင်ဘာလရဲ့ အအေးဓာတ်ကတော့ သိသိသာသာ တိုးလာတာကြောင့် တောထဲမှာနေထိုင်နေရတဲ့ အမှန်တရား

ဘက်တော်သားတွေအတွက်တော့ ချမ်းအေးလွန်းတဲ့ဒဏ်ကို အစွမ်းကုန် ခံစားနေရပါပြီ။အခုလို အအေးပိုနေတဲ့ ဆောင်းနဲ့ပတ်သတ်ပြီး မူးလာက ”မေးခိုက်အောင် အေးတဲ့ တော်လှန်ရေးဆောင်း”လို့ဆိုပြီးတော့

သူ့ရဲ့လူမှု့ကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်။အဆိုတော် မူးလာ နဲ့အတူ အမှန်တရားအတွက် ကြိုးစားတိုက်ခိုက်နေကြတဲ့ လူတချို့ကတော့ ခက်ခဲကြမ်းတမ်းလွန်းတဲ့

လွတ်မြောက်နယ်မြေမှာ ဒီဇင်ဘာလရဲ့ခိုက်ခိုက်တုန်အောင် ချမ်းအေးလွန်းတဲ့ဒဏ်ကို ခံစားနေရတာကြောင့် အားပေးစကားလေးတွေကို ရေးသားပေးခဲ့ကြပါအုန်းနော်။C r d

Add a Comment

Your email address will not be published. Required fields are marked *