တောင်ဒဂုံ၊(၁၀၄)ရပ်ကွက်က ပြည်သူများတွက် ထမင်းဗူးများ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

တောင်ဒဂုံ၊(၁၀၄)ရပ်ကွက်က ပြည်သူများတွက် ထမင်းဗူးများ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်ကြီးရေ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝ ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်နော်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်က ချောမောလှပတဲ့ ရုပ်ရည်အပြင် အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသေးတယ်နော်။သင်ဇာဝင့်ကျော်က ကျရာဇာတ်ရုပ်မှာ

ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် နေရာတခုမှာ အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့တဲ့ သူတစ်ဦးပါ။စိတ်သဘောထားကောင်းလှတဲ့ သင်ဇာဝင့်ကျော်က

ဘာသာတရားကိုလည်း အလွန်ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပြီး မကြာခဏ ဆိုသလိုလည်း အလှူအတန်းတွေကို သူမတတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးလေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်က သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်၊(၁၀၄)ရပ်ကွက်က ပြည်သူများအတွက် ထမင်းဘူးများ

ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တဲ့အကြောင်းကို အခုလိုပဲ ရေးသားမျှဝေလာခဲ့တာပါ။”Today donation 😇😇😇ဒီအလှူဖြစ်မြောက်ဖို့ ပါဝင်ကူညီပေးတဲ့

မမ Aye Thida၊မမ Thu Zar Pwint နှင့် ပါဝင်အားဖြည့်ပေးသူများ အားလုံးကို ကျေးဇူးပါနော် 🙏🏼🙏🏼🙏🏼ဒီနေ့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှူကို သာဓုခေါ်နိုင်ကြ၍

ကုသိုလ်ထပ်တူထပ်မျှရကြပါစေရှင့် 🙏🏼🙏🏼🙏🏼”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။ပရိသတ်ကြီးတို့လည်း ကုသိုလ်ထပ်တူရရှိစေဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။Source:Thinzar Wint Kyaw

Add a Comment

Your email address will not be published. Required fields are marked *