တောင်တန်းတွေ ဝန်းရံထားတဲ့ ချင်းပြည်နယ်က အေးချမ်းပြီး လှပတဲ့ ထန်တလန်မြို့လေးအကြောင်း

တောင်တန်းတွေ ဝန်းရံထားတဲ့ ချင်းပြည်နယ်က အေးချမ်းပြီး လှပတဲ့ ထန်တလန်မြို့လေးအကြောင်း

ချင်းပြည်နယ်ရဲ့အလှဆုံးမြို့တော် ထန်တလန်ဆိုသည်မှာ တောင်တန်းတွေကြားမှာရှိတဲ့ အေးချမ်းပြီး အလွန်ချစ်စရာကောင်းလှတဲ့ မြို့လေးတမြို့ဆိုတာ ပရိတ်သတ်များအားလုံးက သိကြမှာပါ။

ထန်တလန်မြို့လေးရဲ့ အဓိပ္ပာယ်ကတော့ ထန်ဆိုတာက (ကျော်ကြားသော)၊တလန်ဆိုတာက ( တောင်)၊ထန်တလန် ဆိုတာကတော့ “ကျော်ကြားသော တောင်ပေါ်မြို့လေး” လို့အဓိပ္ပါယ်ရပါတယ်နော်။

တောင်ပတ်လည်ဝိုင်းရံထားပြီး တောင်ကုန်း ပေါ်မှာ တည်ထားတဲ့ ထန်တလန်မြို့ရဲ့ပုံစံဟာ စက်ဝိုင်းပုံသဏ္ဌာန် ရှိပါတယ်။ထန်တလန်မြို့ရဲ့သက်တမ်းကတော့ နှစ်ပေါင်း (၅၀)ထဲကို ရောက်နေပါပြီ။နယ်ချဲ့လက်ထက်မှာ

ထန်တလန်ကို ချင်းပြည်နယ်က တခြားဒေသတွေလို နယ်စပ်စော်ဘွား၊ရွာစားများမှ အုပ်ချုပ်ခဲ့ပါတယ်။လွတ်လပ်ရေးရပြီး စော်ဘွား၊ရွာစားများထံက အာဏာကို ရုပ်သိမ်းပြီး တိုက်သူကြီး၊သူကြီးတို့က အုပ်ချုပ်ခဲ့ပါတယ်။

ဖလမ်းခရိုင်ထဲက ဟားခါးမြို့မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း (၇၄)ခုနဲ့ ဖွဲ့စည်းခဲ့ပါတယ်။(၁၉၇၂)ခုနှစ်၊ဩဂုတ်လ (၄)ရက်နေ့မှာ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ဟားခါးမြို့

အနောက်ဘက်ခြမ်း ကျေးရွာအုပ်စု (၃၈)ခုကို သီးခြားမြို့နယ်အဖြစ် သတ်မှတ်ပြီးတော့ မြို့မရပ်ကွက် (၁)ခု၊ကျေးရွာအုပ်စု (၃၇)ခုတို့နဲ့ ထန်တလန်ကို မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။(၂၀၀၈)ခုနှစ်၊ဇူလိုင်လ (၁)ရက်နေ့မှာ

ရပ်ကွက် (၃)ခု၊ကျေးရွာအုပ်စု (၃၇)ခုနဲ့ ထပ်ပြီးတိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။(၂၀၁၂)ခုနှစ်မှာ ဟားခါးမြို့နယ်နဲ့ ထန်တလန်မြို့နယ်ကို ဖလမ်းခရိုင်မှ ခွဲထုတ်ပြီး ဟားခါးခရိုင်အဖြစ် ဖွဲ့စည်းခဲ့တာပါ။ထန်တလန်မြို့လေးဟာ ရာသီဥတု

မျှတပြီး အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်နဲ့လည်း နယ်နိမိတ်ချင်း ဆက်စပ်နေတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၄၉၆၂) မှာတည်ရှိတဲ့ မြို့လေး ဖြစ်ပါတယ်။ထန်တလန်ကို သွားလို့ရတဲ့ လမ်းအနေနဲ့ဆိုရင် ဟားခါး

မှသော်လည်းကောင်း ဖလမ်းမှသော်လည်းကောင်း လမ်း(၂)လမ်းဖြင့် သွားလို့ရတာ ဖြစ်ပါတယ်။ထန်တလန်မြို့လေးရဲ့ အဝင်ဝမှာတော့ မြို့ရဲ့ ဆောင်ပုဒ်လေးဖြစ်တဲ့ “ Not rich, But happy ”ဆိုတဲ့

“မချမ်းသာသော်လည်း ပျော်ပါသည်” ဆိုတဲ့ဆောင်ပုဒ်လေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် မြို့ထဲမှာတော့ အရက်သေစာ သောက်စားခွင့် မပြုတဲ့အတွက်ကြောင့် လာရောက် လည်ပတ်သူတွေအနေနဲ့

မြို့ရဲ့ စည်းကမ်းကို အလေးအနက် ထားတဲ့အနေနဲ့ မြို့ပြင် View Point မှာစနစ်တကျ ပြုလုပ်ပေးထားတဲ့ အုတ်ခုံတွေပေါ်မှာ သွားရောက် သောက်စားနိုင်ကြပါတယ်။ထန်တလန်မြို့လေးဟာ အလွန်စည်းကမ်း ရှိတဲ့အတွက်

နေရာတိုင်းဟာ သန့်ရှင်းသပ်ရပ်ပြီး အမှိုက်တွေလဲ မရှိဘူးလို့ ဆိုပါတယ်။ တောင်ပေါ် view point ရှိတဲ့နေရာလေးမှာတော့ ထန်တလန်ရဲ့ နာမည်ကြီး Church ကျောင်းအဝါလေး ရှိတာဖြစ်ပြီး ထိုနေရာမှ

ထန်တလန်တမြို့လုံးကိုလဲ အပေါ်စီးကနေ ကြည့်ရှုခံစားလို့ရပါတယ်။View Point ကတော့ မြို့ကို တစ်စုတစ်စည်းတည်း မြင်ရတဲ့အပြင် ဓာတ်ပုံရိုက်ဖို့အတွက် ဘယ်လို ရှုထောင့်ကနေ ရိုက်ရိုက် တကယ်ကို လှပနေတဲ့

မြို့ကလေးပဲ ဖြစ်ပါတယ်။မြို့ထဲမှာလဲ အိမ်တွေကို ဆောက်လုပ်ရာမှာ ရောင်စုံလေးတွေ ဆောက်လုပ်ထားကြတဲ့အပြင် ဘုရားကျောင်း များစွာလည်း ရှိပါသေးတယ်။ပရိတ်သတ်ကြီးအနေနဲ့ လက်ရှိမှာ

အလွန်နာမည်ကြီးနေတဲ့ ချင်းပြည်နယ်၊မြောက်ပိုင်းမှ လှပအေးချမ်းလွန်းတဲ့ ထန်တလန်မြို့လေးအကြောင်း သိရှိစေနိုင်ကြစေဖို့အတွက် ရည်ရွယ်ကာ ရေးသားတင်ဆက်ပေးလိုက်ရပါတယ်နော်။

အဲ့ဒီလို အလွန်ချစ်စရာကောင်းပြီး သပ်ရပ်လှပတဲ့ မြို့ကလေးဖြစ်လာစေဖို့ နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ခဲ့ရပေမယ့်လည်း (၂၉-၁၀-၂၀၂၁)မှာတော့ ပျက်စီးခဲ့ရပါပြီ။မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Add a Comment

Your email address will not be published. Required fields are marked *