တန်ဆောင်မုန်းလပြည့်နှင့် မယ်ဇလီဖူးသုပ်စားရခြင်းအကြောင်း

တန်ဆောင်မုန်းလပြည့်နှင့် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း

မြန်မာ့ဆယ့်နှစ်လထဲက တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းတို့ကို စောင့်ရှောင့်ရသော နတ်တို့သည် မယ်ဇလီပင်စောင့် နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်ဟု အဆိုရှိပါတယ်။

မယ်ဇလီဖူးကို စားသုံးခဲ့သော် (၉၆)ပါးသော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည်ဟု “သာရကောမုဒိ”ဆေးကျမ်းက ပြဆိုထားပါသည်။ထို့ကြောင့်မြန်မာ့ရှေးရိုး အစဉ်အလာအရ တန်ဆောင်မုန်းလပြည့်

အခါသမယတွင် မယ်ဇလီဖူးကိုသုပ်ပြီး အိမ်ရှိမိသားစု၀င်များအားလုံးစားသုံးကာ ပတ်၀န်းကျင် အိမ်နီးချင်းများကိုလည်း မယ်ဇလီဖူးများသုပ်ပြီး ဆေးဖြစ်ဝါးဖြစ် ဒါနပြုပေးဝေလေ့ ရှိကြပါတယ်။ကောင်းကင်တခွင်မှာ နက္ခတ်

ကြယ်တာရာ စုံညီစွာ ပေါ်ထွန်းသောကြောင့် ဆေးအာနိသင်များ နိုးကြွထက်မြက်စေပြီး “ဆေးပေါင်းခသည့်ည”ဆိုပြီးတော့လည်း ယုံကြည်ကြပါတယ်။ဤညအခါ၌ ခူးဆွတ်၊တူးဖေါ် ရရှိတဲ့ ဆေးပင်၊ဆေးရွက်

အမြစ်၊အဖု၊ဥတို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါတွင် အသုံးပြုကြပါတယ်။တပေါင်းလပြည့်နေ့ ညဉ့်လယ် လမွန်းတည့်သည့်အချိန်၌ လရိပ်သည် ရေပြင်အပေါ်သို့ ကျရောက်သောအခါ “လမွန်းတည့်ရေ”ကို

သောက်သုံးပါက ဆေးအာနိသင်များ ပြည့်၀လျှက် ကျန်းမာရေးကို ကောင်းမွန်စေသည် ဆိုပြီးတော့လည်း ယူဆကြပါတယ်။တန်ဆောင်မုန်းလတွင် ထွက်ပေါ်လာသော “ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့က

“စောရနက္ခတ်(ခေါ်) သူခိုးနက္ခတ်”ဟုခေါ်ဆိုလေ့ရှိကြပါတယ်။ဒါကြောင့်လည်း လပြည့်နေ့ ညအခါတွင် “ကျီးမနိုးပွဲ”(ခေါ်) “သူခိုးကာလ”အဖြစ် ကလေးနဲ့ လူငယ်များက ပျော်ရွှင်စွာ ဆော့ကစားလေ့ရှိကြပါတယ်။

တစ်ညလုံး နံနက်ကျီးမနိုးမီတိုင်အောင် အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူတွေ့ရှိ ချီမနိုင်တဲ့ ပစ္စည်းများကိုယူ၍ လမ်းမတွင် စုပုံထားခြင်း ပုဆိုး၊ထမီရရာတို့ကို အလံထူ၍ထားခြင်းတို့ဖြင့် နံနက်အခါတွင်

လူရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြတယ်။တစ်နေခင်းလုံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေနှင့် စားစရာများ အလှူခံကြပြီး တစ်ညလုံး ချက်ပြုတ်စားသောက်ကာ ပျော်ရွှင်တတ်ကြပါတယ်။ငွေကြေးပြည့်စုံသူတို့ကမူ

လပြည့်နေ့ညတွင် “မခေါ်မုံ့လုံး”(ခေါ်) မုံ့လုံးရေပေါ်များကျွေးခြင်း ကြက်သားဆန်ပြုတ် တိုက်ကျွေးခြင်း မယ်ဇလီဖူးသုပ်ကျွေးခြင်းနှင့် ပိုက်ဆံကြဲခြင်းတို့ကို ပြုလုပ်ကာ ကုသိုလ်ယူလေ့ရှိကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့လည်း ပျော်ရွှင်စရာ တန်ဆောင်တိုင်အခါသမရလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *