“တကယ်လို့များ”ဆိုပြီး စာလေးကို သက်သေအဖြစ် ချန်ထားခဲ့တဲ့ အဆိုတော်မီးနို

“တကယ်လို့များ”ဆိုပြီး စာလေးကို သက်သေအဖြစ် ချန်ထားခဲ့တဲ့ အဆိုတော်မီးနို

အဆိုတော် မီးနိုကတော့ အနုပညာအလုပ်ကို ကြိုးကြိုးစားစား ရိုးရိုးသားသား လုပ်ကိုင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီးတော့ လက်ရှိမှာတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့

အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။မီးနိုကတော့ ပြီးခဲ့တဲ့လအတွင်းက ကရင်စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်နေတဲ့ စားနပ်ရိက္ခာများ၊ဆေးဝါးများကို ပို့ဆောင် လှူဒါန်းခဲ့ပြီးတော့ အခြားလိုအပ်နေတဲ့ နေရာတွေကိုလဲ

သူမက ဦးဆောင်ကာ လှူဒါန်းခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။အဆိုတော် မီးနိုကို ဇူလိုင်လ (၆)ရက်နေ့က စကစက ဖမ်းဆီးသွားခဲ့ပြီး မကြာခင် ပြန်လွတ်ပေးခဲ့ပါတယ်။သူမကို အဖမ်းခံရအောင် သတင်းပေးတဲ့

ဒလန်မက လက်ရှိမှာ သူမရဲ့ အသက်အန္တာရယ်ကို ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။အဲ့ဒီအကြောင်းကို မီးနိုက အခုလိုပဲ ပြောပြလာခဲ့ပါတယ်။”တစ်ခုခုဆိုရင်ဆိုတဲ့ စိတ်နဲ့ပေါ့ ဒီစာတစ်စောင်ကို ခု officially page မှာ

ရေးထားခဲ့မယ် မီးနို အဖမ်းခံရတဲ့ရက်မှာ စိတ်ပူပေးကြတဲ့ သူတွေရှိသလို ကြောက်ပြီး မီးနိုနားက ခဏရှောင်ထွက်သွားတဲ့ သူတွေရှိတယ် အတော်တန်ကြာမှ ပြီးတော့ ပြန်လာအပ်ကြတယ် စိတ်ပူကြောင်း လာပြောကြတယ်

ဒါပေမဲ့ မီးနိုကို ခေါ်သွားစဉ်မှာ မီးနို လုပ်ခဲ့တဲ့အပေါ် နောင်တမရှိဘဲ ကြောက်စိတ်မရှိဘဲ နေခဲ့တယ် ပြောချင်တာ လူတွေ ကြောက်ရတဲ့ အကြောက်တရားကို မျိုသိပ်ပြီး အပြုံးနဲ့ ရင်ဆိုင်ခဲ့ရတာ..ငါသာတစ်ခုခု

ဖြစ်သွားခဲ့ရင်ဆိုပြီး အတွေးတွေ မတွေးမိအောင် ထားတယ်..ကိုယ်လည်း လူဘဲ ကြောက်ပါတယ်..ဘုရားကျေးဇူးကြောင့် ပြန်လွတ်ပြီး တစ်လလုံးလုံး ကိုဗစ်ရောဂါလည်း ဖြစ်ရသလို စိတ်ပိုင်းဆိုင်ရာကော

ရုပ်ပိုင်းဆိုင်ရာ ကျပြီးသေချင်တဲ့စိတ်ပါ ဖြစ်ခဲ့ရတယ်..ဒီလိုကိစ္စက ခံစားရတဲ့သူမှ သိမှာပါ ဒီကိစ္စကလည်း တစ်ဦးတစ်ယောက်ကြောင့်ဆိုတာ မီးနို သိခဲ့တယ်..မီးနို ပတ်ဝန်ကျင် တစ်ချို့ကလည်း ဘယ်သူဆိုတာ

သိထားပါတယ်..အခု မီးနိုရဲ့ KBZ account Freeze လုပ်ခံထားရပါတယ်..ဆုံးရှုံနစ်နာပါတယ် မတော်တဆလို့များ မတော်တစ်ဆလို့ အန္တာရာယ်များ တစ်ဆုံတစ်ရာ ပေါ်ပေါက်ခဲ့ရင် မီးနိုတို့ အသိုင်းဝိုင်းက ဒလံမကို

ချပြပေးပါလိမ့်မယ် သတ္တိရှိရှိ ရင်ဆိုင်မယ် ဒီစာလေးသက်သေအဖြစ် ထားခဲ့ချင်တာပါ(တကယ်လို့များ)”ဆိုပြီးတော့ မီးနိုက ရေးသားထားတာကြောင့် မီးနိုကိုချစ်တဲ့ ပရိသတ်တွေက စိုးရိမ်နေကြတာပါ။

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *