ဆေးရုံတစ်ခုရဲ့ပေါ့ဆမှုကြောင့် မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရတဲ့ တူလေးအကြောင်းကို ပြောပြလာသူတဦး

ဆေးရုံတစ်ခုရဲ့ ပေါ့ဆမှုကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတဲ့ တူလေးအကြောင်းကို ပြောပြလာသူတဦး

“ဆေးရုံဆိုတာ လူနာတွေကို သေချာစမ်းသပ်ပြီး စိတ်ချရပြီဆိုမှ ပြန်လွတ် စိတ်မချရင် ဆေးရုံ တင်သင့်တဲ့ နေရာပါ။အခုတော့ မနက်(၂)နာရီလောက်က(…..)က‌‌လေးဆေးရုံကို အခက်ခဲတွေကြားကနေပြီး တူလေးရဲ့အသက်ကို ကယ်ချင်လို့ ဆေးရုံသွားပြတယ်။

(…)ဆေးရုံရောက်တော့ ကလေးကို တစ်ချက်လေးတောင် စမ်းသပ်မူ့ မလုပ်ပဲ မေးချင်တာတွေမေး ဖြစ်ကြောင်းကုန်စင် အကုန်ပြောပြတော့ ရိုးရိုးဖျားတာတဲ့ မနက် (၂)နာရီလောက်ကို ရေချိုးပေးပြီး အဲကွန်းဖွင့်လိုက် ပျောက်သွားမယ်တဲ့ စမ်းသပ်မူ့မပါပဲ

ပါးစပ်ကပဲ ပြောနေတယ်။ပြီးတော့ စမ်းသပ်၊စစ်ဆေးခ (၁၈၀၀၀)ကျပ် ရှင်းပေးလိုက်ရတယ်။အိမ်ရောက်တော့ ကလေးက အခြေနေမဟန်တော့တာနဲ့ မနက်ထိ တောင့်ခံခိုင်းပြီး ရန်ကင်း ကလေးဆေးရုံကို အရောက်တင်တော့

တာဝန်ကျ ဆရာ၊ဆရာမတွေက ကလေးကို အသည်းအသန် ကယ်နေရပြီး နောက်ဆုံး အဖြေက ညတောင် မကျော်တော့ဘူးတဲ့။ညထိအောင် တောင် မနေရပါဘူး။နေ့လည်(၃)နာရီနဲ့ (၄၅)မိနစ်မှာ တူလေး ဆုံးသွားတယ်။အဓိကက (….)ဆေးရုံကသာ သေချာစမ်းသပ်

စစ်ဆေးပေးပြီး ဆေးရုံမှာ တင်ခိုင်းပြီး ကုသပေးခဲ့ရင် ကလေးမသေဘူးလို့ ရန်ကင်း ကလေးဆေးရုံက ဆရာဝန်တိုင်း ပြောကြတယ်။(…)ဆေးရုံဟာ ငွေသာကြည့်ပြီး ကုတဲ့ဆေးရုံ နင်တို့ဆေးရုံက ပညာမပြည့်ဝတဲ့ ဆရာဝန်တွေသာ ဆက်ရှိနေရင် ကလေးမိဘတိုင်း

ငွေကုန်ပြီး သားသမီး အသက်တွေ ဆုံးရူံးရမှာပဲ။ငါ့တူလေးလို အဖြစ်မျိုးနဲ့ ကြုံဖူးသူတွေ နင်တို့ဆေးရုံမှာ ဒုနဲ့ဒေးပဲနင်တို့ ဆေးရုံကိုထောင်တဲ့ founder ရယ် နင်တို့ဆရာဝန်၊ဆရာဝန်မတွေ၊နပ်စ်တွေ၊ဆေးရုံးဝန်ထမ်းတွေ အားလုံး ငါ့တူလေး လက်လွတ်စပယ်

ပေးလိုက်ရတဲ့ အသက်လိုမျိုး နင်တို့ အားလုံးအပေါ် တန်ပြန့်မူ့ မကျပါစေနဲ့…”ဆိုပြီးတော့ နောက်လူတွေ မဖြစ်သင့်တာ မဖြစ်ရအောင် အချိန်မလွန်ခင် အချိန်မီ ကုသနိုင်စေဖို့အတွက် ဝေမျှထားတာကို

စာဖတ် ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်ကူးယူပြီးဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။ပရိသတ်ကြီးတို့အားလုံးလည်း ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။C r d

Add a Comment

Your email address will not be published. Required fields are marked *