စိတ်ရော လူပါအေးချမ်းစေဖို့ (၁၅)တိုင်တိုင် တရားအရိပ်ကိုခိုလှုံခဲ့​တဲ့ သရုပ်ဆောင် ခေးဆက်သွင်

စိတ်ရော လူပါအေးချမ်းစေဖို့ (၁၅)တိုင်တိုင် တရားအရိပ်ကိုခိုလှုံခဲ့တဲ့ သရုပ်ဆောင် ခေးဆက်သွင်

ပရိတ်သတ်ကြီးတို့ရေ မော်ဒယ်၊သရုပ်ဆောင် ခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့ အပြုံးလေးတွေနဲ့ အပြုအမူအပြောအဆိုလေးတွေကြောင့် ပရိတ်တွေရဲ့

ချစ်ခင် အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါ တယ်။သရုပ်ဆောင် ခေးဆက်သွင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးမှုကို

ရရှိခဲ့တာပဲ ဖြစ်ပါတယ်နော်။ခေးဆက်သွင်ကတော့ တစ်နေ့တစ်ခြား အောင်မြင်လာပြီး အနုပညာအလုပ်တွေကို လက်မလည်အောင် လုပ်ကိုင်ခဲ့ရပေမယ့် ဖေဖော်ဝါရီလကစတင်ပြီး နိုင်ငံရေး

မငြိမ်သက်မှုတွေကြောင့် အလုပ်တွေအားလုံးရပ်နားခဲ့တာပဲ ဖြစ်ပါတယ်။ဖြူစင်တဲ့စိတ်ထားလေးနဲ့ မကြာခဏဆိုသလို တတ်နိုင်တဲ့ဘက်က အလှူဒါနလေးတွေ ပြုလုပ်တတ်တဲ့ မင်းသမီးချောလေးဆိုလည်း ဟုတ်ပါတယ်နော်။

မနေ့ကဒီဇင်ဘာလ (၁၅)ရက်နေ့မှာတော့ တရားအရိပ်မှာ (၁၅)ရက်တာ အေးချမ်းခဲ့ကြောင်း ခေးဆက်သွင်က သူမရဲ့လူမှုကွန်ယက်မှာ အခုလိုပဲမျှဝေပေးလာခဲ့ပါတယ်။”အေးချမ်းခဲ့ပါပြီ တိုက်တွန်းပေးတဲ့

မမ Athari ကျေးဇူး အထူးတင်ပါတယ်”ဆိုတဲ့ စာလေးနဲ့ အတူ သူမအနေနဲ့ တရားစခန်းဝင်ရောက်ခဲ့တဲ့ ပုံလေးတွေ ကို တင်လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကတော့ အနုပညာအလုပ်တွေကို

ပြန်လည်လုပ်ကိုင်တော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပြီးနောက် အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေရင်းနဲ့ အလုပ်တွေကို ခဏတာရပ်နားထားခဲ့ပြန်ပါတယ်။ အလုပ်တွေရပ် နားထားရတဲ့အကြောင်းကတော့

ခေးဆက်သွင်က စိတ်ရောလူပါ အေးချမ်းစေဖို့အတွက် တရားစခန်း (၁၅)ရက်တာဝင်ခဲ့ပြီး အေးချမ်းမှုကို ရှာဖွေနေတာကြောင့်ပဲ ဖြစ်ပါတယ်။သူမအနေနဲ့ လူမှုကွန်ရက်ပေါ်မှာ အချိန်တော်တော်ကြာ

ပျောက်ကွယ်နေတာဟာ တရားစခန်း ဝင်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ယောဂီဝတ်စုံလေးဝတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ အသွင်အပြင်နဲ့ မိတ်ကပ်မပါတဲ့ သဘာဝအလှ ပုံလေးတွေကို

ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်နော်။ဖတ်ရှူ့ပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။C r d

Add a Comment

Your email address will not be published. Required fields are marked *