စိတ်ခံစားချက်တွေကိုနှိမ့်ချချိုးနှိမ်ရင်း မိတ်ဆွေသူငယ်ချင်းတွေကို ဆက်ဆံပါတယ်ဆိုတဲ့ ဦးကျော်သက်လင်း

စိတ်ခံစားချက်တွေကို နှိမ့်ချချိုးနှိမ်ရင်း မိတ်ဆွေသူငယ်ချင်းတွေကို ဆက်ဆံပါတယ်ဆိုတဲ့ ဦးကျော်သက်လင်း

ပရိတ်သတ်ကြီးရေ ည၈နာရီဆိုရင် ကြားနေရစမြဲဖြစ်တဲ့ MRTV မှသတင်းတင်ဆက်သူ တစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်းကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်တွင် အစောဆုံး CDM ပြုလုပ်ခဲ့တဲ့ MRTV မှဝန်ထမ်းတစ်ဦးပဲ ဖြစ်ပါတယ်။

ဦးကျော်သက်လင်းက MRTV ရဲ့ဝါရင့် အစီအစဉ်တင်ဆက်သူဖြစ်ပြီး နိုင်ငံတော်ပွဲများနှင့် အကယ်ဒမီပေးပွဲတွေမှာ အစီအစဉ်တင်ဆက်သူလည်း ဖြစ်ပါတယ်။အခုလက်ရှိမှာတော့ ဦးကျော်သက်လင်းဟာ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေပြီး

ပြည်သူ့ရဲဘော်ဘဝကို ခံယူထားတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့မိသားစု နှောင်ကြိုးတွေ၊ အောင်မြင်မှုတွေနဲ့ အရာရာကို စွန့်လွှတ်ခဲ့တဲ့ ဦးကျော်သက်လင်းက မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပတ်သတ်ပြီး စိတ်ခံစားချက်တစ်ချို့ကို အခုလိုပဲပြန်လည်မျှဝေလိုက်ပါတယ်။

ဦးကျော်သက်လင်းဟာ”ကျနော် အားလုံးကို နားလည်ပါတယ်။ဒီကာလအပိုင်းအခြားမှာ ဖြစ်နေတဲ့ ကျနော့်ရဲ့စိတ်ခံစားချက်ကို အတတ်နိုင်ဆုံးနှိမ့်ချရင်း ခြိုးနှိမ်ရင်း အပြင်မှာရော fbပေါ်ကပါသိတဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေကို

ဆက်ဆံပါတယ်။ဒါပေမယ့် လူရင်းတွေ ပြောမနာဆိုမနာ သူငယ်ချင်းတွေကတော့ ခံရတာပေါ့။တချို့သော မှားယွင်းစွာ တုံ့ပြန်မိတဲ့ ကျနော့်ရဲ့အပြုအမူ အပြောအဆိုတွေက ပစ်ပြီးတဲ့မြားလို ထွက်ပြီးတဲ့ဆင်စွယ်လို

ပြန်သိမ်းမရခဲ့သည်ရှိသော် ဒီကနေပဲ အနူးအညွတ်တောင်းပန်ပါရစေ။ခက်ခဲပြင်းထန်လွန်းတဲ့ကာလရှည်ကြီးထဲမှာ အရာအားလုံးကတော့ အဆင်ပြေမနေမှန်း ကျနော်သိပေမယ့်လည်း တချို့အရာတွေကတော့

ပြန်လည်တည်ဆောက်လို့ မရအောင်လွန်ခဲ့ပါပြီ။တခြား တိုတိုထွာထွာလေးတွေ ရေးချင်တာကတော့ fbက ကျနော့် friend တော်တော်များများကို like & comment မပေးတာ ကျနော့်ကြောင့် ဆုံးရှုံးနစ်နာရမှာစိုးလို့ပါ။

ကျနော့်ကို မတုံ့ပြန်ထားရင်လည်း အခြေအနေ အရပ်ရပ်ကြောင့်ဆိုတာ နားလည်ပါတယ်။အချုပ်ပြောချင်တာကတော့ဗျာ…လူကကြမ်းလာလေ အသဲကပိုနုလာလေမို့ ကျနော်အားလုံးကို နားလည်ပေးနိုင်ပါတယ်။

စကားမစပ် သူငယ်ချင်းပို့ပေးတဲ့ ဆေးတွေကို ဒီကကလေးတွေနဲ့အတူ ငါလည်းသောက်ပါတယ်။မျိုးစေ့လေးတွေလည်း အပင်ပေါက်လာကြပါပြီ။အရာအားလုံးဟာ အချိန်တော့စောင့်ရတာပေါ့”လို့သူ့ရဲ့လူမှု့ကွန်ယက်

စာမျက်နှာထက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးတို့ရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်းရဲ့ မိတ်ဆွေတွေအတွက် ‌ရေးသားထားတဲ့ စာလေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှ တင်ဆက်ပေးလိုက်ရပါတယ်နော်။Source:Kyaw Thet Iinn

Add a Comment

Your email address will not be published. Required fields are marked *