ခပ်ပေါပေါဦးနှောက်တွေနဲ့လို့ PDFတွေကို ပြောဆိုလိုက်တဲ့ သရုပ်ဆောင်ရဲအောင်

ခပ်ပေါပေါဦးနှောက်တွေနဲ့မို့ မီးကြိုးမောင်းပျက်သေနတ်လေးတွေနဲ့ တော်လှန်ချင်နေတာလို့ PDFတွေကို ပြောဆိုလိုက်တဲ့ သရုပ်ဆောင်ရဲအောင်

ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ရဲအောင်ကတော့ ဆယ်စုနှစ်ကတည်းက ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားများနှင့် ဗီဒီယိုဇာတ်ကားများတွင်သာမက

လက်ရှိနောက်ပိုင်းတွင် ဇာတ်လမ်းတွဲများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ရဲအောင်ကတော့ အကယ်ဒမီပေါင်းများစွာကို ပိုင်ဆိုင်ထားပြီးတော့ အသက်အရွယ်နဲ့မလိုက် နုပျိုလွန်းသူလည်း ဖြစ်ပါတယ်။

အာဏာသိမ်းမှုကြောင့် ပြည်သူတွေဒုက္ခရောက်နေတဲ့ ယခုကာလမှတော့ ရဲအောင်ဟာ အာဏာသိမ်း စကစက စီစဉ်တဲ့ပွဲတွေမှာ ပါဝင်ဖျော်ဖြေကာ ပြည်သူ့ဖက်က ရပ်တည်မှုမရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့

ကြုံနေရတာပဲဖြစ်ပါတယ်။စကစက စီစဉ်တဲ့ MRTV ဂီတပွဲမှာ ပျော်ပျော်ကြီးပါဝင်ခဲ့တဲ့ ရဲအောင်ရဲ့ နေအိမ်တွင် မသင်္ကာဖွယ်ရာ အထုတ်တစ်ထုတ်အတွင်းမှ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိခဲ့တာကိုလည်း မှတ်မိကြအုံးမယ်

ထင်ပါတယ်နော်။အကယ်ဒမီရဲအောင်ရဲ့ နေအိမ်မှာ ဗုံးလန့်မှု ကြုံခဲ့ရပြီးနောက် ရဲအောင်တစ်ယောက် နေရာရွှေ့ပြောင်း နေထိုင်ခဲ့ရပါတယ်နော်။ယခုလက်ရှိမှာတော့ သူဟာ တပ်မတော်ရဲ့ အရာရှိကြီးတချို့နဲ့ အတော်လေး

ရင်းနှီးသူဖြစ်တာကြောင့် တပ်မတော်က ချထားပေးတဲ့ လုံခြုံတဲ့နေရာတခုမှာ ရောက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။သူ့ရဲ့နေအိမ်ကို ဗုံးခွဲဖို့ကြံစည်ခြင်း ခံရပြီးနောက် သူ့ဖက်က ချက်ချင်းတစုံတရာ ထုတ်ပြန်ခဲ့တာ

မရှိပေမယ့်လည်း သူနဲ့နီးစပ်သူတချို့ရဲ့ ပြောပြချက်အရ အခုအချိန်မှာ တုန့်ပြန်သံတချို့ ထွက်ပေါ်လာတာကို သိရပါတယ်။ရဲအောင်ရဲ့ တုန့်ပြန်ခဲ့တာကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်နော်။”အရပ်ဖက်က အကြမ်းဖက်

pdfဆိုတာတွေဟာ ဘာမှအပြစ်မရှိတဲ့ အနုပညာရှင်တွေကိုတောင် လာပြီးရန်ရှာနေကြတာဟာ တရားမဲ့ပြီး မင်းမဲ့စရိုက်ဆန်ပါတယ် သူတို့မှာ မီးကြိုးမောင်းပျက် သနတ်ကလေးတွေ ကိုင်ရရုံနဲ့ အင်အားတောင့်တင်းတဲ့

မြန်မာ့တပ်မတော်ကို တော်လှန်ချင်နေတာဟာ ခပ်ပေါပေါ ဦးနှောက်ပိုင်ရှင်တွေမှန်း သိသာပါတယ်။နှစ်ပေါင်းများစွာ ပြည်သူအတွက် ကာကွယ်စောင့်ရှောက်ပြီး ပြည်သူ့အကျိုးကိုပြုခဲ့တဲ့ တပ်မတော်ကို တော်လှန်လို့ကို

သူတို့ကို ကြည့်မရတာ”လို့ပြောလာခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ပြည်သူများအနေနဲ့ကော ရဲအောင်ရဲ့ တုံ့ပြန်လာတဲ့ ပြောစကားများအပေါ် ဘယ်လိုမြင်သလဲဆိုတာ

မှတ်ချက်လေးတွေ ရေးသားပေးခဲ့ကြပါအုံးနော်။မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပြီး ပြည်သူ/သားများအားလုံး ဘေးအန္တရာယ် ကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။C r d

Add a Comment

Your email address will not be published. Required fields are marked *