ကော်ဖီမစ်၊တီးမစ်တွေကို နေ့စဉ်သောက်နေကြတုန်းလား

ကော်ဖီမစ်၊တီးမစ်(၁၅၀)တန်တွေကို နေ့စဉ်သောက်နေကြတုန်းလား

ကော်ဖီမစ်မှာ ပစ္စည်း ၃ မျိုးပါဝင်ပါတယ်။(၁)ကော်ဖီမှုန့်(၂)သကြား(၃)ကော်ဖီမိတ် ၁။ကော်ဖီမှုန့်က မူလက ကော်ဖီစေ့ကနေ တဆင့်ပြုလုပ်ထားတဲ့ ချက်ချင်း အရည်ပျော်စေနိုင်တဲ့ အသင့်ဖျော်ကော်ဖီမှုန့်ကို သုံးကြပါတယ်။အခုနောက်ပိုင်း ပိုစျေးသက်သာတဲ့ကော်ဖီမှုန့် အတုတွေ သုံးလာကြပါတယ်။

ကုန်ကျစရိတ်က အဆ(၁၀၀)အဆ(၂၀၀)အထိ သက်သာတယ်လို့ ထိုင်ဝမ်က အစားအသောက် ပညာရှင်တွေက ပြောပါတယ်။ထိုင်ဝမ်မှာ ကော်ဖီမှုန့် အတုကို ပဲစိမ်းအမှုန့်၊ကော်ဖီရနံ့လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီမှုန်နဲ့ ရောလိုက်တာပါ။အဲဒါကို သကြား ကော်ဖီမိတ်တွေနဲ့ ရောဖျော်လိုက်တဲ့အခါ ကော်ဖီအစစ်နဲ့ ခွဲလို့မရတော့ပါဘူး။

ဒီလိုလုပ်တာ စိတ်ကောင်းရှိတဲ့ ထုတ်လုပ်သူတဲ့။တချို့က ပဲစိမ်းမှုန့်မထည့်ဘဲ မီးသွေးမှုန့်တွေ ထည့်လုပ်ကြတယ်။ ကော်ဖီရနံ့လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီတွေဟာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

ထိုင်ဝမ် FDA ကကော်ဖီမှုန့်အတု၊ကော်ဖီရနံ့တွေကို တရားဝင် ရောင်းချခွင့်ပြုထားတဲ့အတွက် ကော်ဖီမှုန့် အတုနဲ့ လုပ်ထားတဲ့ ကော်ဖီတွေ ရောင်းချနေကြပါတယ်။ ကော်ဖီမှုန့် အတုတွေကို ပဲစိမ်းမှုန့်နဲ့လုပ်တဲ့အတွက် ပရိုတိန်းဓာတ်တော့ နည်းနည်း ရနိုင်ပါတယ်။မီးသွေးမှုန့်က အစားအသောက်မှာ သုံးတာရှိပါတယ်။

ထိုင်ဝမ်မှာ မီးသွေးမှုန့်နဲ့လုံးထားတဲ့ မြေပဲရှိပါတယ်။အမေရိကန်မှာ ချားကိုးလ်မိုခါး ဆိုပြီး ချောကလက်မှုန့်၊ မီးသွေးမှုန့်၊သကြား၊ကော်ဖီမိတ်တွေပါတဲ့ ဖျော်ရည် ရောင်းပါတယ်။မီးသွေးမှုန့်က အုန်းမုတ်ခွက်ကရတဲ့ မီးသွေးမှုန့်လို့ ဖော်ပြထားပါတယ်။

ဟိုတလောက မြန်မာပြည်က ကော်ဖီမစ်စက်ရုံကို အုန်းမှုတ်ခွက်တွေပို့တဲ့ ဆောင်းပါးတစ်ပုဒ် ဖဘမှာ တွေ့လိုက်တယ်။အုန်းမှုတ်ခွက်ကို မီးသွေးမှုန့်လုပ်ပြီး ကော်ဖီမစ်ထဲ ထည့်တာလားတော့ မသိဘူးပေါ့လေ။ထင်တာ ပြောတာပါ။ပိုဆိုးတာကတော့ အဆိပ်ပါတဲ့ ကော်ဖီမှုန့်တွေပါ။

၂၀၁၈ခု၊ဧပြီလမှာ ဗီယက်နမ်နိုင်ငံရှိ ကော်ဖီစက်ရုံ တစ်ခုကိုစစ်ဆေးကြည့်တဲ့အခါ ဓာတ်ခဲအဟောင်းတွေကရတဲ့ အမည်းရောင် အမှုန့်တွေကိုသုံးပြီး ကော်ဖီစေ့တွေကို ဆေးဆိုးတာ တွေ့ရှိခဲ့ပါတယ်။ဓာတ်ခဲ အဟောင်းတွေကရတဲ့အမှုန့် ၃၅ ကီလိုဂရမ် တွေ့ရှိခဲ့ပြီး ဒီအမှုန့်တွေကို အပေါစား ကော်ဖီစေ့တွေဝယ်ပြီး အရောင်လှအောင် ဆေးဆိုးတယ်ဆိုတာ ပိုင်ရှင်က ဝန်ခံခဲ့ပါတယ်။

ဓာတ်ခဲကရတဲ့ အမှုန့်တွေမှာ မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ်ဆိုတဲ့ အဆိပ်ဓာတ်ပါတဲ့အတွက် ဒီကော်ဖီမှုန့်တွေ ရေရှည် သောက်သုံးသူတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေ ပျက်စီးစေပါတယ်။ဒီလိုအဆိပ်ပါတဲ့ ကော်ဖီစေ့ ၁၀ တန်ကျော်ကို သိမ်းဆည်းရမိပြီး ၃ တန်ကျော်က စျေးကွက်ထဲကို ရောင်းချပြီးဖြစ်ပါတယ်။

ဒီသတင်းဟာ ကော်ဖီသောက်သုံးသူများကို အထိတ်တလန့်ဖြစ်သွား စေခဲ့ပါတယ်။ထိုင်ဝမ်ကို ဗီယက်နမ်ကော်ဖီ တံဆိပ် ၁၅ မျိုး တင်သွင်းခွင့်ပြုထားတာမို့ ဒီလိုအဆိပ်ပါတဲ့ ကော်ဖီ၊ကော်ဖီမှုန့်တွေ မဝင်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ခဲ့ပါဘူး။

(၂)သကြားကတော့ အရည်ပျော်လွယ်တဲ့ အမှုန့်နုတဲ့ သကြားကို သုံးပါတယ်။(၃)ကော်ဖီမိတ်ကို ၁၉၆၁ ခုမှာ အမေရိကန် နက်စ်တယ်ကုမ္ပဏီက စထုတ်ခဲ့ပါတယ်။ နွားနို့နှင့်မပြုလုပ် ထားသော မလိုင်အဆီပါ။ဘာတွေနဲ့ လုပ်ထားတာလဲဆိုတာဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆောင်းပါးကို ဖတ်ကြည့် ရအောင်။

ကော်ဖီသောက်ရင် အသုံးပြုသည့် နွားနို့နှင့်မပြုလုပ်ထားသော အမှုန့်မျာ်ဟာ၊ဘာတွေပါနေတာပါသလဲ?၁။ ပြောင်းဖူးမှလာသော သကြား၂။ နို့ထည့်ထားသကဲ့သို့ ၊ ဖြစ်နေတာကတော့ ပဲပိစပ်ဆီကြောင့် ဖြစ်ပါတယ်။၃။ဆိုဒီယမ်ကက်စီနိတ် နွားနို့မှာ ပါဝင်သော ပရိုတင်းဓာတ် ဖြစ်ပါတယ်။သူဟာ ဒြဗ်ဝတ္ထုများ မပြိုကွဲစေရန်ထည့်သည့် ဓာတုပစ္စည်း တစ်ခုဖြစ်ပါတယ်။

၄။မိုနိုဂလိုင်စီရိတ်နှင့် ဒိုင်ဂလိုင်စီရိတ် – ပါဝင်နေသောပစ္စည်းများ ရောစပ်ရာတွင် ကောင်းစွာသမ၍ တစ်သားတည်း ဖြစ်စေရန်အတွက် ထည့်ရသော ဝတ္ထုပစ္စည်း ကော်ဖီနှင့်အမှုန့် တစ်သားတည်း ဖြစ်နေစေရန်ဖြစ်ပါတယ်။၅။ဖော့စဖိတ် အက်ဆစ်ခပ်ပြစ်ပြစ် ကလေးဖြစ်နေစေပြီး၊ပါဝင်နေသောပစ္စည်းများ

တစုတစည်းတည်း တစ်ပေါင်းတည်း ဖြစ်နေစေရန် ဖြစ်စေသော ဓာတုပစ္စည်း သြော် စဉ်းစားကြည့်မယ်ဆိုရင် အိပ်ယာက နိုးလာသည့်အခါ သောက်တော့မည့် ကော်ဖီခွက်ထဲမှာ ဒီဓာတုဆေးမျိုးစုံကို ထည့်ပြီး သောက်ချင်ပါသလားဆိုတဲ့ မေးခွန်းပေါ် ထွက်လာပါတယ်။

အချို့အမှုန့်ဆိုရင် အရသာအမျိုးမျိုး ထွက်အောင်ထပ်ပြီးရောနှော ထားသည့် ဓာတုဆေးတွေလဲ အပိုပါပါသေးတယ်။ဒီကော်ဖီမိတ်တွေဟာ အမှုန့်အနေနဲ့လာသလို အရည်အဖြစ်နဲ့လဲ ရောင်းချလေ့ရှိပါတယ်။အမှုန့်မှာက ခဲမသွားရအောင် ဓာတုဆေးတစ်မျိုး ထပ်ပြီးပါပြန်ပါတယ်။ဆိုဒီယမ်အလူမီနိုဆီလီကိတ် ဖြစ်ပါတယ်။

လောင်ကျွမ်း စေတတ်သော ဓာတ်တစ်မျိုးလဲဖြစ်ပါတယ်။အင်္ဂလိပ်လိုဖတ်ရန် ခက်ခဲမှုရှိသူများအတွက် ဘာသာပြန်ပေးလိုက်ခြင်း သာဖြစ်ပါတယ်။ကျွန်မ၏ အာဘော်မဟုတ်ပါ။(ဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။)

ကော်ဖီမိတ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိ။ကော်ဖီမိတ်မှာ သကြား၊မကောင်းတဲ့အဆီ၊တာရှည်အထားခံဆေးပဲပါလို့ ကျန်းမာရေးအတွက် မကောင်းပါ။ကော်ဖီမိတ်လုပ်တဲ့ ဖော်မြူလာတွေက နှစ်ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေရှိလာပြီး

နောက်ဆုံးမှာတော့ အရောင်ချွတ် သကြားနဲ့ တာရှည်ခံဆေးတွေပဲပါတော့တဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါပြီ။ပြောင်းဖူးမှလာသော သကြား–ပြောင်းဖူးတွေ အများစုက မျိုးရိုးဗီဇ ပြောင်းထားတာတွေပါ။သကြားတွေက လူကို အဝလွန်စေပါတယ်။

ကိုယ်တွင်း ကလီစာတွေမှာ အဆီတွေစုပြီး ဆီးချို၊သွေးတိုး၊နှလုံးရောဂါ၊ကင်ဆာတွေ ဖြစ်ပွားစေပါတယ်။တချို့အင်ဇိုင်းတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ စုတ်ယူခြင်းကို လျော့နည်းစေပါတယ်။ပဲပိစပ်ဆီက တာရှည်ခံအောင် လုပ်ထားတဲ့ဆီပါ။ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးတဲ့ အဆီပါ။

သွေးတွင်း အဆီများမှုကိုအားပေးပြီး နှလုံးသွေးကြောရောဂါ အဖြစ်များစေပါတယ်။နောက်ဓာတု ပစ္စည်းတမျိုးဖြစ်တဲ့ ဖော့စဖိတ်အက်ဆစ်က ဓာတ်မြေသြဇာနဲ့ အလှကုန်ပစ္စည်းတွေမှာလည်း သုံးပါတယ်။ကော်ဖီမိတ်မှာ ဘာအာဟာရဓာတ်မှမပါတဲ့အပြင်

ကျန်းမာရေးအတွက် ဆိုးကျိုးသာဖြစ်စေတာမို့ နွားနို့ ၊ အုန်းနို့ ၊ ပျားရည်စသည်တို့ အစားထိုးသုံးဖို့ အကြံပေးကြပါတယ်။ကော်ဖီမှုန့်အစစ်နဲ့လုပ်တဲ့ ကော်ဖီမစ် အထုတ်တွေလည်း ရှိပါတယ်။စျေးပေါတဲ့ ကော်ဖီမစ်တွေကတော့ သကြားတောင် စျေးပေါတဲ့ ဆေးသကြား၊အပေါစား ကော်ဖီမိတ်တွေ သုံးတာပါ။

တစ်ထုတ်လုံးက ဓာတုပစ္စည်းတွေပါပဲ။တီးမစ်ကလည်း ထိုနည်း၎င်းပါပဲ။သဘာဝလက်ဖက်ခြောက်က ထုတ်တာရှိသလို ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတာတွေလည်း ရှိပါတယ်။ကဲကော်ဖီမစ်၊တီးမစ်သောက်ကြဦးမလားဗျို့ ။ U Myomyat Thu(C r d)

Tags:

Add a Comment

Your email address will not be published. Required fields are marked *