ကောင်းမြတ်စံရဲ့ချစ်စရာ ကောင်းတဲ့အချက်လေးတစ်ခု အကြောင်းပြောပြလာတဲ့ ပိုးကြာဖြူခင်

ကောင်းမြတ်စံရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတစ်ခုအကြောင်း ပြောပြလာတဲ့ ပိုးကြာဖြူခင်

ပရိတ်သတ်ကြီးတို့ရေ MRTV-4 သရုပ်ဆောင်တွေဖြစ် ကြတဲ့ ကောင်းမြတ်စံနဲ့ ပိုးကြာဖြူခင်တို့ကတော့ ဇာတ်လမ်းတွဲ အသီးသီးမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားကြသူတွေပဲ ဖြစ်ပါတယ်။

ဆိုင်းမိုင်လို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကတော့ သူမရဲ့ဖခင်ကြီး ဆုံးပါးပြီးနောက်ပိုင်း မိခင်နဲ့ မောင်နှမတွေကိုသာ အဖော်ပြုရင်း အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သမီးအလိမ္မာလေး တစ်ယောက်ဆိုလည်း မမှားပါဘူး။

ပိုးကြာဖြူခင်နဲ့ ကောင်းမြတ်စံတို့က အနုပညာမောင်နှမတွေဖြစ်ကြသလို အပြင်မှာလည်း သူငယ်ချင်းလို၊ မောင်နှမလို ချစ်ခင်ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး အတွဲညီကြလွန်းတဲ့

ကောင်းမြတ်စံနဲ့ ပိုးကြာဖြူခင်တို့ နှစ်ယောက်စလုံးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က ကောင်းမြတ်စံဆီမှာရှိတဲ့ ချစ်စရာကောင်းတဲ့ အချက်တစ်ချက်ရှိကြောင်းကို

ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ပိုးကြာဖြူခင်က ကောင်းမြတ်စံနဲ့အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကိုတင်ရင်း”ဒီကလေးနား နေရင် ရယ်နေရတာ ပါးစပ်တောင် မပိတ်နိုင် 😄”ဆိုပြီးတော့

အနားမှာရှိတဲ့လူကို ရယ်ရအောင်၊ပျော်ရွှင်ရအောင် ဖန်တီးပေးနိုင်တဲ့ ကောင်းမြတ်စံရဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ကောင်းမြတ်စံ ကတော့ မျက်နှာလေး အမြဲတမ်းပြုံးချိုနေသလို သူ့ရဲ့အနားမှာရှိတဲ့

လူတွေကိုလည်း ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တာက သူ့ရဲ့ချစ်စရာကောင်းတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်နော်။ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးတို့လည်း ပျော်ရွှင်စရာနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေနော်။C r d

Add a Comment

Your email address will not be published. Required fields are marked *