အယူခံဝင်မှာမဟုတ်ဘူးလို့ ပြတ်သားစွာ ပြောလိုက်တဲ့ ပိုင်တံခွန်ရဲ့မိခင်

“ကိုယ့်သားက ဘာအမှားမှမလုပ်ထားတဲ့အတွက် အယူခံဝင်မှာ မဟုတ်ဘူး”လို့ ပြတ်သားစွာပြောလိုက်တဲ့ ပိုင်တံခွန်ရဲ့မိခင်

မင်္ဂလာပါ ပရိတ်သတ်ကြီးတို့ရေ ပြည်သူချစ်မင်းသားချော မော်ဒယ်၊သရုပ်ဆောင် ပိုင်တံခွန်ဟာဆိုရင်တော့ ယောကျာ်းပီသပြီး တည်ငြိမ်ခန့်ညားတဲ့ ရုပ်ရည်အသွင်ပြင်တွေကြောင့် ပြည်တွင်းမှာသာမကပဲ

ပြည်ပနိုင်ငံတွေအထိပါ အောင်မြင်​နေတဲ့ မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ကမ္ဘာ့အချောဆုံး အယောက်(၁၀၀) စာရင်းမှာလည်း”ပိုင်တံခွန်”ကနံပါတ်(၁)နေရာကို ရရှိထားတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က နွေဦးအစကတည်းက အမှန်တရားဘက်မှာ ရဲဝင့်စွာရပ်တည်ခဲ့ပြီး ပြည်သူတွေရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာကြောင့် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာ တရားစွဲခံရပြီးနောက်မှာ

ကျန်းမာရေးမကောင်းသဖြင့် နေအိမ်သို့ ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်နော်။ယခုတစ်ခါမှာဆိုရင်လည်း ပိုင်တံခွန်ရဲ့မိခင်ဖြစ်သူက သူမရဲ့သားဖြစ်သူဟာ ဘာအမှားမှ လုပ်မထားတာကြောင့် အယူခံဝင်မှာ

မဟုတ်ဘူးလို့ ပြတ်သားစွာ ပြောလာခဲ့တာလည်းဖြစ်ပါတယ်။”ဘာဖြစ်လို့ အယူခံမဝင်တာလဲဆို အလှဆုံးပြောရရင် ကိုယ့်သားက ဘာအမှားမှမလုပ်ခဲ့တဲ့အတွက် အယူခံဝင်စရာမလိုဘူး။တတိုင်းပြည်လုံးနဲ့တန်းတူ အန်တီ့ ကလေးက လုပ်ခဲ့တယ်။

အဲဒီအတွက် သူတို့အမိန့်ချတယ် အချိန်ကျရင်တော့ ပိုင်တံခွန်ကို မေတ္တာ၊စေတနာနဲ့ ဘယ်နေ့ထွက်လာမလဲဆိုတာ အန်တီမျှော်နေတယ်။သားလေးကို အပြစ်မပြောရက်ဘူး အန်တီ့သားလေး လုပ်တာက အကုန်အများအတွက်

လုပ်ခဲ့တာပဲ ကိုယ့်သားအကြောင်း ပြောရင် မျက်ရည်ပေါက် ကျတာပေါ့။ဒီလိုဖော်ပြခံရတော့ ဝမ်းသာတာပေါ့ ဘာနဲ့မှလဲလို့ မရတာလေ ဒီဝမ်းသာမှုက ဘယ်အရာနဲ့မှ လဲလို့မရတဲ့ဘဝပါ။ဂုဏ်ယူတာပေါ့။

ဒီနေ့ထိ သူထောင်ထဲမှာ နေရပေမယ့် သူ့မိဘကို ထမင်းမငတ်အောင်၊မိဘ အသက်ရှည်အောင် လုပ်ပေးတဲ့သားအတွက် ရူးမတတ်ကို ဝမ်းသာတယ်။ဒီနေ့၊ဒီချိန်ထိ မနေ့၊တနေ့ကလိုပဲ ဝမ်းသာပီတိပေါ့။သားကို မျှော်နေကြတဲ့သူတွေ သား ပြန်လာမှာပါလို့။

အန်တီက နေ့တိုင်း ဘုရားပန်းလဲတိုင်း မျှော်နေတာ။သားလေး လွတ်လာမယ့်နေ့ကို နေ့တိုင်း မျှော်နေတယ်။ကိုယ့်သားလေး လွတ်လာ တော့မယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ အန်တီ့ရင်ထဲမှာ အပြည့်ဖြစ်နေတယ်။

ကံတရားရဲ့စီမံချက်ကို သူခံပြီးရင်တော့ သူပြန်လာမယ်လို့ ယုံကြည်နေတယ်။ဘာမှတော့ အမှားအယွင်း မဖြစ်စေချင်ဘူး”ဆိုပြီးတော့ မိခင်တစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ထားတာလည်း ဖြစ်ပါတယ်နော်။

ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်ကူးယူပြီး ဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။C r d

Tags:

Add a Comment

Your email address will not be published. Required fields are marked *